ဂျိတ်ခ်က lover seatရဲ့ နောက်မှီကို မှီချလိုက်ရင်း တောင့်တင်းနေခဲ့တဲ့ အာရုံကြောတွေ ပြေလျော့သွားသလို ခံစားလိုက်ရပြီး တစ်ဆက်တည်းပင် သက်တောင့်သက်သာဖြစ်သွားသလိုခံစားလိုက်ရသည်။
ဆောင်းဟွန်း၏ကားအတွင်းရှိ ရနံ့ဖျော့ဖျော့လေးက သူ့ရဲ့ စိတ်ကို နှစ်သိမ့်ပေးနေသလို ထင်နေရပြီး ဂျိတ်ခ်က စိတ်သက်သာရာရကာ သူ့မျက်လုံးများကို မှိတ်ချလိုက်သည်။
ပိတ်ထားေသာ မျက်၀န်းများကြောင့် လိပ်ပြာတောင်ပံလေးတွေခတ်နေသလို ကော့စင်းနေတဲ့ မျက်တောင်ဖျားလေးတွေကို ရှင်းလင်းစွာမြင်နေရသဖြင့် ဆောင်းဟွန်း အသည်းတယားယားဖြစ်နေသည်။
*သူ...တကယ်ပဲ ငါ့ကားထဲမှာ အိပ်ဖို့ပါလုပ်ေနတာလား
ငါ့ကို အဲ့လောက်ယုံတာလား*ဆောင်းဟွန်းက ပရမ်းပတာဖြစ်နေတဲ့ နှလုံးခုန်သံတွေကိုထိန်းညှိလိုက်ရင်း ကောင်လေးအနားသို့တိုးသွားလိုက်သည်။
မျက်လုံးတွေမှိတ်ကာ အနားယူနေတဲ့ ဂျိတ်ခ်က ရုတ်တရက် သူ သဘောကျတဲ့ ထင်းရှုးရနံ့ဖျော့ဖျော့လေးကို ပိုပြီး ရှုရှိုက်လိုက်ရသလိုခံစားတာမို့ မျက်လုံးများဖွင့်ကြည့်လိုက်သည်။
မျက်လုံးများဖွင့်ဖွင့်ချင်း ဆောင်းဟွန်းနဲ့ သူ့ရဲ့ မျက်နှာနှစ်ခုဟာ သုံးစင်တီမီတာတောင် မကွာဝေးတော့တာကို သိလိုက်ရသည်။
ဂျိတ်ခ်ကလဲ နေရာမှာပင် အေးခဲသွားကာ ဆောင်းဟွန်းရဲ့လှုပ်ရှားမှုများဟာလဲ တမုဟုတ်ချင်း ရပ်တန့်သွားသည်။
ဆောင်းဟွန်းတကိုယ်လုံးက သူ့ဘက်ကိုယိုင်နေကာ သူ့ကိုအုပ်မိုးပွေ့ဖက်ထားသလိုဖြစ်နေသော်လည်း ထူးခြားစွာပင် ဂျိတ်ခ်က သက်တောင့်သက်သာမဖြစ်သလို မခံစားရပေ။
မသက်မသာမဖြစ်နေသည့်အပြင် ထိုလက်မောင်းများက သူ့ကိုအမှန်တကယ်ပွေ့ဖက်ထားပေးဖို့ ဆန္ဒရှိနေပြီး ထိုသူရဲ့ ရင်ခွင်ထဲကိုသာ တိုးဝှေ့မှီခိုနေချင်မိသည်။
ထိုအခိုက်အတန့်တွင် ဂျိတ်ခ်တစ်ယောက် သူ့ကိုယ်သူ ရူးသွားပြီလားလို့တောင် တွေးမိလေသည်။
YOU ARE READING
𝘽𝙖𝙙𝙡𝙮 𝙬𝙖𝙣𝙣𝙖 𝙠𝙞𝙨𝙨 𝙮𝙤𝙪 [ 𝙥.𝙨. 𝙞 𝙡𝙪𝙫 𝙪]
Fanfictionချစ်မိသွားမှာကြောက်တဲ့ကောင်လေးရယ် အဲ့ဒီကောင်လေးပြန်မချစ်မှာကြောက်တဲ့ကောင်လေးရယ် တကယ်ပဲဘယ်လိုဆက်ဖြစ်မှာလဲ? အကယ်၍ ချစ်မိသွားခဲ့တဲ့အခါ မင်းကမ္ဘာကြီးက အချစ်မြစ်ထဲနစ်မြုပ်လို့သွားလိမ့်မယ် အဲ့ဒါက ပြန်လမ်းမရှိဘဲ မင်းကို တဖြည်းဖြည်းပျော်၀င်သွားစေဖို့ပဲတတ်...