"ကိုယ်မနက်ကနေရာမှာပဲစောင့်နေမယ်"
သူ၏သူငယ်ချင်းေဂျးနှင့် ညီငယ်လေးများကို ပလစ်ကာ ကျောင်းထဲမှ တစ်ယောက်ထဲထွက်လာေသာ ဂျိတ်ခ်က ဆောင်းဟွန်းရဲ့မက်ဆေ့ခ်ျကို ကြည့်ကာ ပြုံးလိုက်မိသည်။
ထို့နောက် ခေါင်းငုံ့ကာ စာပြန်လိုက်လေသည်။
"အွန်း ခဏစောင့် ငါထွက်လာပြီ"
ဂျိတ်ခ်ကခေါင်းငုံ့ကာဖုန်းသုံးရင်း လျှောက်လာစဉ် သူ့ရှေ့မှာ လာရပ်တဲ့ခြေထောက်တစ်စုံကြောင့် သူ့ကိုလမ်းပိတ်ထားသူကိုမော့ကြည့်လိုက်သည်။
"အစ်ကိုဂျိတ်ခ်"
ဂျိတ်ခ်က သူလမ်းမှာပိတ်ထားသောဂျယ်နီ၏ရုပ်ကိုမြင်လိုက်ရသောအခါ ဆောင်းဟွန်းကြောင့် ကြည်နူးနေတဲ့စိတ်လေးပါပျောက်ကွယ်သွားလေသည်။
သူ့အနေနဲ့ ထိုလူများနှင့်မပတ်သတ်ချင်သော်လည်း သူတို့ကဂျိတ်ခ်ကိုအလွတ်မပေးပေ။
ဂျိတ်ခ်က အလွန်အမင်းအေးစက်နေသော မျက်နှာသေနှင့်မေးငေါ့ပြကာမေးမြန်းဟန်ပြုလိုက်သည်။
"အဖေက ပြောစရာရှိလို့ အိမ်ကိုပြန်လာခဲ့ပါတဲ့
အစ်ကို့ကိုမှာလိုက်သေးတယ် သူ့ဖုန်းကိုလဲ block မထားပါနဲ့တဲ့"
ဂျိတ်ခ်က ဟိုတနေ့ထဲကစ၍ တစ်မိသားစုလုံးကို Block ထားခြင်းဖြစ်လေရာ သူ၏အဖေမှ သူ့ကိုဆက်သွယ်မရသည့်အတွက် ဂျယ်နီကိုပြောခိုင်းလိုက်ခြင်းဖြစ်သည်။
"ငါတို့ကဘာမှမပတ်သတ်တော့ဘူးမို့ ပြောစရာရှိရင်ရှေ့နေလီကနေတဆင့် ပြောပါလို့ ပြန်ပြောလိုက်
မင်းရဲ့ ချစ်လှစွာသောအဖေကို ဒီစကားေတွပါးဖို့ မင်းကိုပဲဒုက္ခပေးရတော့မှာပဲ"
ဂျိတ်ခ်က ပြတ်သားစွာပြောလိုက်ပြီး ဂျယ်နီကိုရှောင်ဖယ်ရင်းထွက်လိုက်သော်လည်း ဂျယ်နီကသူ့လက်ကောက်၀တ်ကိုပြန်ဆွဲကာတားလာသည်။
ဂျိတ်ခ်ကရုန်းလိုက်ပြီးအေးစက်စွာပြောလိုက်သည်။
"လွှတ်စမ်း"
YOU ARE READING
𝘽𝙖𝙙𝙡𝙮 𝙬𝙖𝙣𝙣𝙖 𝙠𝙞𝙨𝙨 𝙮𝙤𝙪 [ 𝙥.𝙨. 𝙞 𝙡𝙪𝙫 𝙪]
Fanfictionချစ်မိသွားမှာကြောက်တဲ့ကောင်လေးရယ် အဲ့ဒီကောင်လေးပြန်မချစ်မှာကြောက်တဲ့ကောင်လေးရယ် တကယ်ပဲဘယ်လိုဆက်ဖြစ်မှာလဲ? အကယ်၍ ချစ်မိသွားခဲ့တဲ့အခါ မင်းကမ္ဘာကြီးက အချစ်မြစ်ထဲနစ်မြုပ်လို့သွားလိမ့်မယ် အဲ့ဒါက ပြန်လမ်းမရှိဘဲ မင်းကို တဖြည်းဖြည်းပျော်၀င်သွားစေဖို့ပဲတတ်...