ဆောင်းဟွန်းက ရင်ခွင်ထဲက ကောင်လေးကိုချီထားရင်း ငုံ့ကြည့်လိုက်မိသည်။
သူ့မျက်နှာနှင့် အ၀တ်များပေါ်တွင် ခုနက အရိုက်ခံလိုက်ရသောလူ၏ သွေးတချို့ပေနေ၍ သူ့အသွင်အပြင်က ကြောက်စရာကောင်းနေသောလည်း ဆောင်းဟွန်းမျက်၀န်းများထဲတွင်တော့ သိသိသာသာပင် စိတ်ထိခိုက်နေသည့်အရိပ်အယောင်များပြည့်လို့နေသည်။
ဆောင်းဟွန်းကသတိလစ်နေတဲ့ကောင်လေးကိုကြည့်ကာ သူဖိနှိပ်ထားရတဲ့ ဒေါသတွေ သောကတွေ ထပ်မံပြီးပေါ်ထွက်လာပြန်သည်။
ဆောင်းဟွန်းက စိတ်မထိန်းနိုင်စွာတွေးတောလိုက်ရင်း ကူကယ်ရာမဲ့လို့နေသည်။
*တကယ်လို့များ...သူသာဒီထက်နောက်ကျသွားခဲ့ရင်...*
ဆောင်းဟွန်းလိုဘယ်အရာကိုမှ မကြောက်တတ်သည့်သူက ထိုအေတွးကိုဆက်ပင်မတွေးဝံ့ချေ။
တကယ်ကို သူအရမ်းကြောက်မိပါသည်။
ယခုေနရာသို့ ကားမောင်းလာတဲ့တစ်လျှောက်တွင် စိုးရိမ်လွန်းနေခဲ့ပြီး စိတ်လွတ်ပြီးရူးတော့မတတ်ပင်ဖြစ်ခဲ့ရသည်မှာ အမှန်ပင်။
ထိုအခိုက်အတန့်တွင် ဆောင်းဟွန်းက သူ့ရဲ့ အဖိုးတန်လေး ထိခိုက်သွားမှာကို သေလောက်အောင်ကြောက်နေမိခဲ့သည်။
ဆောင်းဟွန်းက ဤနေရာသို့ရောက်ရောက်ချင်း တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် ရုတ်တရက်ကြီး လူသတ်ချင်စိတ်တွေ တိုးပွားလာသည်။
ခုနကသာ သူ့ဘော်ဒီဂတ် လာမတားရင် ထိုမျိုးမစစ်ကောင်ကို သူတကယ်ကြီးသတ်ပစ်မိမလားပင်မသိနိုင်ချေ။
အဆုံးမှာတော့ ဘယ်လိုပဲဖြစ်ဖြစ်သူ့အဖိုးတန်လေးကို လာထိရဲတဲ့ဘယ်သူမဆို သေသင့်တယ်။
ထိုအတွေးနဲ့ပတ်သတ်ပြီး ဆောင်းဟွန်းကတော့ နည်းနည်းတောင်နောက်ပြောင်ခြင်းမရှိခဲ့ပေ။
ဒီကိစ္စတွေရဲ့ နောက်ကွယ်ကလူကတော့ ဆောင်းဟွန်းနဲ့ မကြာခင်စကားတချို့ပြောရတော့မှာမို့ အချိန်ကောင်းလေးတွေအတွက် မျှော်လင့်ထားသင့်နေပြီ။
YOU ARE READING
𝘽𝙖𝙙𝙡𝙮 𝙬𝙖𝙣𝙣𝙖 𝙠𝙞𝙨𝙨 𝙮𝙤𝙪 [ 𝙥.𝙨. 𝙞 𝙡𝙪𝙫 𝙪]
Fanfictionချစ်မိသွားမှာကြောက်တဲ့ကောင်လေးရယ် အဲ့ဒီကောင်လေးပြန်မချစ်မှာကြောက်တဲ့ကောင်လေးရယ် တကယ်ပဲဘယ်လိုဆက်ဖြစ်မှာလဲ? အကယ်၍ ချစ်မိသွားခဲ့တဲ့အခါ မင်းကမ္ဘာကြီးက အချစ်မြစ်ထဲနစ်မြုပ်လို့သွားလိမ့်မယ် အဲ့ဒါက ပြန်လမ်းမရှိဘဲ မင်းကို တဖြည်းဖြည်းပျော်၀င်သွားစေဖို့ပဲတတ်...