᯽2(U)᯽

932 118 40
                                    

ဂျေးတစ်ယောက် ဆောဂျီဟိုကို ကြည့်ပြီး အတွေးတွေနောက်ကြောင်းပြန်နေစဉ်တွင် En Highschool၏ သိပ္ပံအဆောင်တစ်နေရာရှိ စာသင်ခန်းတစ်ခုအတွင်း ကျောင်းသားတစ်ချို့ ရှိနေသည်။

စာသင်ခန်းအတွင်းတွင် ဂျောင်၀န်းက သူ့လွယ်အိတ်ထဲသို့ စာအုပ်များ ထည့်သိမ်းနေသော်လည်းသူ့ဘေးခုံတွင် ခြေတံရှည်များကိုဆန့်ရင်း ခုံကိုမှီကာထိုင်နေသူကို လှည့်ကြည့်လှည့်ကြည့်လုပ်နေသေးသည်။

"အစ်ကိုဆောင်ဟွန်း ခဏနော် ကျွန်တော်မြန်မြန်သိမ်းနေတယ်
ခဏလေးပဲစောင့်
ဒီနေ့ကျမှ ဆရာမက ခေါ်ပြီး စာစစ်နေလို့ အိမ်ပြန်မဲ့အချိန်တွေနောက်ကျနေပြီ တကယ်ပါပဲ"

"အမ်း"


ဂျောင်၀န်းပုံစံဟာ တစ်ဖက်လူ ငြိုငြင်ကာ စိတ်မရှည်ဖြစ်မှာကို အတော်လေးစိုးရိမ်နေပုံရပြီး ပါးစပ်မှလဲ နောက်ကျနေသည့်အကြောင်းပြချက်ကို တဖွဖွပြောနေသည်။

ဂျောင်၀န်းနဲ့ခြားနားစွာ မျက်လုံးတွေမှိတ်ထားသော ဆောင်းဟွန်းက ပြန်ဖြေရမည်ကိုပင် ပျင်းနေသည့်အတိုင်း မသဲမကွဲအသံပြုရင်း ဆက်လက်ငိုက်မြည်းနေသည်။

သိပ္ပံအဆောင်မှာတော့ သူတို့၏ အစ်ကိုကြီးဖြစ်တဲ့ ပတ်ဆောင်းဟွန်း၏ ထိုအ‌ေရးမစိုက်တတ်တဲ့ပုံစံကို လူတိုင်းက ရင်းနှီးကြသည်။

ဂျောင်၀န်း၏ ၀မ်းကွဲအစ်ကို ဆောင်းဟွန်းက ထိုအတိုင်းပင် ချဉ်းကပ်ရခက်ခဲပြီး နားလည်ဖို့ မလွယ်ကူသည့်လူစားမျိုးဖြစ်သည်။

အမြဲလိုလို ဘယ်အရာကိုမှ စိတ်၀င်တစားရှိမနေဘဲ သူ့ပုံစံဟာ ပျင်းရိနေတဲ့ ကြောင်ပျင်းတစ်ကောင်နဲ့တောင်တူနေသည်။

သို့သော်လည်း အများတကာထက်သာလွန်ထူးကဲလွန်းသည့်ရုပ်ရည်ကြောင့် သူ၏ ထိုပုံစံကပင် ဒီလောကနဲ့မသက်ဆိုင်တဲ့ မသေမျိုးတစ်ယောက်လို လူတိုင်းကိုခံစားသွားရစေနိုင်သည်။

စင်းနေတဲ့ နှာတံချွန်ချွန်လေးဘေးမှ မှည့်နက်ကလေးနှင့် အနှီလူသားဟာ ပန်းပုထွင်းထုထားသည့်နှယ် ချောမောလွန်းလှသည်။

𝘽𝙖𝙙𝙡𝙮 𝙬𝙖𝙣𝙣𝙖 𝙠𝙞𝙨𝙨 𝙮𝙤𝙪  [ 𝙥.𝙨. 𝙞 𝙡𝙪𝙫 𝙪] Where stories live. Discover now