᯽8(U)᯽

860 97 42
                                    

နံနက်ခင်းနေရောင်ဖျဖျက ပြတင်းပေါက်မှတဆင့်အခန်းတွင်းသို့ကျရောက်လာပြီး ကုတင်ပေါ်မှကောင်ကလေးပေါ် ဖြာကျလျက်ရှိလေသည်။

ထိုသို့တိတ်ဆိတ်နေသော အခန်းအတွင်းတွင် ရုတ်တရက် ကျယ်လောင်သော alarm သံက ပေါ်ထွက်လာပြီး ဆက်တိုက်ဆိုသလိုမြည်နေတော့သည်။

တတီတီနှင့် မြည်နေတဲ့ သနားစရာနှိုးစက်လေးကို အကြိမ်ပေါင်းများစွာ ပြန်ပိတ်ပြီး ခေါင်းအံုးနှင့်နားကိုပ်ိတ်ကာ ဂျိတ်ခ်တစ်ယောက်ပြန်အိပ်နေသည်။


မကြာခင်မှာပဲ တိတ်သွားပြီဖြစ်‌ေသာ Alarm သံအစား သူ့ရဲ့ဖုန်း ringtone သံက ဆက်တိုက်မြည်လာသောကြောင့် ဂျိတ်ခ်ဟာမထမဖြစ် နိုးထလာရတော့လေသည်။


အိပ်ချင်မူးတူးနှင့် ကုတင်‌‌ေဘးဘက်စားပွဲပေါ်က ဖုန်းကိုကောက်ကိုင်ကာ ကြည့်လိုက်သောအခါ ဖုန်းခေါ်ဆိုသူနေရာမှ "အလုပ်သင်လေး"ဆိုတော့ နာမည်ကြောင့် ဂျိတ်ခ်တစ်ယောက် မျက်လုံးကျယ်သွားကာ ကုတင်ပေါ်သို့ ငုတ်တုတ်ထထိုင်မိသည်။


ထို့နောက် ချောင်းနှစ်ချက်ခန့်ဟန့်လိုက်ရင်းစိတ်လှုပ်ရှားလျက်ဖုန်းကိုင်လိုက်သည်။



"ဟယ်လို~"


အိပ်ယာနိုးကာစ ဂျိတ်ခ်ရဲ့အသံက အနည်းငယ် ဩရှရှဖြစ်နေသဖြင့် နားထောင်ရသူအဖို့ ရင်ဖိုသွားစေနိုင်လေသည်။



ဆောင်းဟွန်းနှုတ်ခမ်း‌ေထာင့်က ဂျိတ်ခ်ရဲ့အသံကိုကြားသည်နှင့် အလိုအလျောက်အပေါ်သို့ကွေးတက်သွားလေသည်။




"ဟန်နီ? နိုးပြီဆိုရင်ထတော့နော် ကျောင်းနောက်ကျမယ်"




တစ်ဖက်လူ၏ ကြည်လင်အေးမြပြီးချိုသာ‌ေနသောအသံက ဂျိတ်ခ်၏နားထဲ၀င်ရောက်လာသောအခါ ဂျိတ်ခ်၏အိပ်ချင်စိတ်တွေကအစအနရှာမရပဲပျောက်ကွယ်သွားလေသည်။




"အွန်း~နိုးနေပြီ ထ‌‌ေတာ့မို့"



"အိုကေပါ ကိုယ်က နှိုးစက်များပိတ်ပြီး ပြန်အိပ်ဖို့ကြိုးစားနေတာလားလို့ စိတ်ပူလို့လှမ်းနှိုးတာ"




𝘽𝙖𝙙𝙡𝙮 𝙬𝙖𝙣𝙣𝙖 𝙠𝙞𝙨𝙨 𝙮𝙤𝙪  [ 𝙥.𝙨. 𝙞 𝙡𝙪𝙫 𝙪] Tempat cerita menjadi hidup. Temukan sekarang