ထိုအခိုက်၌ ရှင်းမ်အိမ်တော်တွင်...
ရှင်းမ်မြောင်ဆူက ထမင်းစားခန်းအတွင်းတွင် မနက်စာစားနေရင်း
ဂျိတ်ခ်ထံသို့ ညနေတွေ့မည့်အကြောင်းစာပို့ကာ ဖုန်းကိုဘေးသို့ချလိုက်သည်။သူက ကော်ဖီတစ်ခွက်ကို မယူကာ သောက်နေရင်း မျက်နှာအမူအရာကပုံမှန်သာဖြစ်နေသော်လည်း သူ့စိတ်ထဲတွင်ဘာတွေတွေးနေမှန်းဘယ်သူမှမသိနိုင်ပေ။
နံဘေးမှ ဂန်ဆောဂျင်းကလဲ သူ့ခင်ပွန်းချထားတဲ့ဖုန်းကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး ဘာမှမပြောပဲ တိတ်တဆိတ်မနက်စာစားနေသည်။
သို့သော်သူမစိတ်ထဲတွင်တော့မနေ့ညကအကြောင်းကို ပြန်တွေးနေလေသည်။
မနေ့ညက သူမနှင့် သူမခင်ပွန်းဖြစ်သူဟာ အိပ်ရာပေါ်ကကိစ္စတွေပြီးစီးတဲ့အချိန် သူမခင်ပွန်းက သူမကိုရင်ခွင်ထဲထည့်ကာ ဂျိတ်ခ်အကြောင်းကိုရင်ဖ္ငင့်တိုင်ပင်လာလေသည်။
ဂန်ဆောဂျင်းမှာ ရှင်းမ်မြောင်ဆူပြောပြသမျှကိုနားထောင်ပြီးမယုံနိုင်လောက်အောင်ကို အံ့ဩသွားရလေသည်။
သူမက အပြင်မှာ နူးညံ့ပြီး ဂရုဏာသက်နေတဲ့မျက်နှာလေးဟန်ဆောင်နေသော်လည်း အတွင်းတွင် ဒေါသထွက်လွန်းလို့ သွားကျိုးမတတ် အံကြိတ်ထားလေသည်။
သူမက သုံးစားမရတဲ့အမှိုက်လိုကြွက်စုတ်ဟုသတ်မှတ်ထားသူ လင်ပါသားက ယခုတော့ သူမတို့ကို ဒုက္ခပေးနိုင်တဲ့ အကောင်ကြီးကြီးဖြစ်နေသည်ဆိုတာကို မနာလိုမရှုစိမ့်နိုင်သည့်အပြင် လက်မခံနိုင်ပေ။
သူမက သူမယောက်ျားအား မျက်ရည်ဝဲနေသောမျက်လုံးများဖြင့် မော့ကြည်ကာ စိုးရိမ်ပူပန်နေသော အသံသေးသေးလေးဖြင့်ပြောလိုက်သည်။
"ဒါဆို ကျွန်မတို့ အခုဘယ်လိုလုပ်ကြမလဲဟင် ယောက်ျား~
တောင်းပန်ပါတယ် ဒါတွေအားလုံးကျွန်မအသုံးမကျခဲ့တာပါ...ကျွန်မညံ့ဖျင်းခဲ့လို့ပါရှင်
ကျွန်မကိုယ်တိုင်ပျိုးထောင်ခဲ့တဲ့ကလေးက ဒီလို ယုတ်မာတဲ့ စရိုက်နဲ့လူဖြစ်လာမယ်မှန်း ဘယ်လိုမှမထင်ထားခဲ့မိဘူး"
![](https://img.wattpad.com/cover/341422094-288-k600537.jpg)
YOU ARE READING
𝘽𝙖𝙙𝙡𝙮 𝙬𝙖𝙣𝙣𝙖 𝙠𝙞𝙨𝙨 𝙮𝙤𝙪 [ 𝙥.𝙨. 𝙞 𝙡𝙪𝙫 𝙪]
Fanfictionချစ်မိသွားမှာကြောက်တဲ့ကောင်လေးရယ် အဲ့ဒီကောင်လေးပြန်မချစ်မှာကြောက်တဲ့ကောင်လေးရယ် တကယ်ပဲဘယ်လိုဆက်ဖြစ်မှာလဲ? အကယ်၍ ချစ်မိသွားခဲ့တဲ့အခါ မင်းကမ္ဘာကြီးက အချစ်မြစ်ထဲနစ်မြုပ်လို့သွားလိမ့်မယ် အဲ့ဒါက ပြန်လမ်းမရှိဘဲ မင်းကို တဖြည်းဖြည်းပျော်၀င်သွားစေဖို့ပဲတတ်...