"nicha!!!!!!!!!! nicha!!!!!"
"ဘာများအလိုရှိလို့လဲ သခင်မကြီးရှင့်"
"ဘယ်မယ်လဲ ရှင့်သားဟမ်!!!"
"အိမ်အနောက်မှာ ပန်းပင်ရေလောင်းနေပါတယ် သခင်မကြီးရှင့်"
"အခုချက်ချင်း သွားခေါ်လာခဲ့"
"ဟုတ် ဟုတ်"
Nichaအမေလည်း ခပ်သွက်သွက်လေး အိမ်အနောက်ကို သွားပြီး သားဖြစ်သူကို ခေါ်လာရတော့သည်။
"ရောက်ပါပြီ သခင်မကြီးရှင့်"
"တစ်ကိုယ်လုံးလည်း စိုရွှဲနေတာပဲ ပန်းပင်ရေလောင်းတာလား ရေချိုးလာတာလား"
"ပန်းပင်ရေလောင်းလာတာပါဗျ အန်တီ"
"ပြောလိုက်ရင်အဲ့တိုင်းပဲ သွား အဝတ်အစားမြန်မြန်လဲလာခဲ့ ငါ့သားကိုသွားကြိုရမှာ နောက်ကျနေပြီ"
"ဟုတ်ကဲ့"
Nichaလည်း အမြန်သူ့အခန်းလေးထဲဝင်ပြီး အဝတ်အစားလဲရတာပေါ့
"မပြီးသေးဘူးလား!!!! ကြာတာဟယ် အဝတ်အစားလေး လဲတာကို ဒီလောက်ကြာရလား"
"ပြီးပါပြီဗျ အန်တီ သွားကြတော့မလား"
"သွားမယ် "
"ဟုတ်"
Nichaနဲ့ pingရဲ့မားလည်း လေယာဉ်ကွင်းကိုသွားကြတာပေါ့ လေယာဉ်ကွင်းရောက် ခဏစောင့်လိုက်ရပြီး နည်းနည်းကြာတော့
"မားမားး!!!!!!!!!!!!!!"
အသံကျယ်ကြီး အော်ပြီး ပြေးလာတဲ့ဘဲပေါက်လေး သူ့မားနားရောက်တော့ သူ့မားကိုဖက်ထားပြီး
"မားကို လွမ်းနေတာသိရဲ့လား"
"အမလေးမားလည်း သားငယ်လေးကို လွမ်းနေတာအရမ်းပဲ ပြပါဦးမျက်နှာလေး"
ဖက်ထားတာကို လက်ကလေးကနေကိုင်ပြီး ဖယ်လိုက်ရင်း မျက်နှာကိုကြည့်ပြီးပြောလိုက်သည်။
"မားရဲ့သားငယ်လေးက ချောလာလိုက်တာကွယ် ကြည့်ပါဦး"
"ဟီးး မားနဲ့တူလို့လေ"
"စကားတွေကလည်း တက်လာလိုက်တာ"
"ဟီးးဟီး"
"ဒါနဲ့ သူတို့ကဘယ်သူတွေလဲ"
YOU ARE READING
ခက်ခဲကြမ်းတမ်းတဲ့ချစ်ခြင်း
Romanceကိုယ် လက်လွှတ်ပေးခဲ့ရတာနဲ့တန်အောင် ပျော်"ရွှင်"နေမှပေါ့ ကလေးငယ်ရယ် မင်းရဲ့အပြုံးတစ်ပွင့်က ကိုယ့်ရဲ့ကမ္ဘာကြီးဆိုတာ သိတယ်မလား..။ #meenping#