ဒီနေ့လေးရဲ့မနက်ခင်းလေးဟာ မိုးလေးအုံ့ပြီး နည်း"နေလို့ထိုင်လို့ ရာသီဥတုလေးပေါ့ အခန်းလေးထဲအိပ်ပျော်နေတဲ့ ဘဲပေါက်ကတော့ ညကအရှိန်ကြောင့် အိပ်လို့ကောင်းတုန်း
ဒေါက် ဒေါက် ဒေါက်
"ping!!?!! Nong ping!!!!!!!မထသေးဘူးလား ထတော့လေ နေမြင့်နေပြီနော်"
အခန်းထဲကအိပ်နေတဲ့ဘဲပေါက်ကတော့ အခန်းရှေ့ကနေ အော်နှိုးနေတဲ့ dunkအသံကြောင့် လှုပ်"လှုပ်"နဲ့နှိုးလာလေသည်။ dunkကတော့ အော်နှိုးခဲ့ပြီး အောက်ကိုပြန်ဆင်းသွားခဲ့သည်။ ထမလို့လုပ်နေတုန်း ဘဲပေါက် အောက်ပိုင်းကနာတဲ့အရှိန်ကြောင့် ပြန်ပြီး လဲနေလိုက်သည်။
"အမလေး နာလိုက်တာ..ညကဘာလုပ်ထားလို့ ငါ့တကိုယ်လုံးကိုက်ခဲပြီး နာကျင်နေရတာလဲ အား ကျွတ်..ကျွတ်"
Pingလည်း အဲ့တိုင်းပဲငြိမ်"လေးနေပြီး ဖုန်းနဲ့ dunkကိုလှမ်းခေါ်ပြီး အခန်းထဲလာခိုင်းရတော့သည်။ dunkရောက်လာတော့
"မင်းဘယ်လိုဖြစ်လို့ မထနိုင်ဖြစ်နေရတာလဲ ping.."
"မသိဘူး ငါ့တစ်ကိုယ်လုံး ညောင်းကိုက်နေတာ"
"မင်းညကအကြောင်းတစ်ခုမှ မမှတ်မိတော့ဘူးလားဟမ်"
"မင်းကလည်းမူးနေပါတယ်ဆိုမှ ဘယ်မှတ်မိမှာလဲကွ မင်းရောညကအကြောင်းတွေမှတ်မိလား"
"ငါလဲမမှတ်မိဘူး ဟဲဟဲ"
"အေးလေ အရက်သောက်ရင် ဘယ်သူနေနေ ဖြစ်ပျက်ခဲ့တာတွေကို မမှတ်မိကြဘူး"
"ဒါပေမယ့် ခဏကငါ joongကိုမေးကြည့်တော့ ညကမင်းကို P'Meen က အခန်းထဲလိုက်ပို့တယ်တဲ့ မင်းသိချင်ရင် P'Meen ကိုမေးကြည့်ပါ့လားဟမ်"
"ဟုတ်လား အေးငါ ညနေမှမေးလိုက်မယ်"
"အေး မင်းအခုရေချိုးမလို့မလား"
"အေး"
"အဲ့တာဆို ငါရေချိုးခန်းထဲ တွဲပြီးလိုက်ပို့မယ် ထ"
"အေး ကျေးဇူး"
dunkလည်း pingကို ရေချိုးခန်းထဲထိ တွဲပို့လိုက်သည်။ping ရေမိုးချိုးပြီးတဲ့ထိ dunkကအရှေ့ကနေစောင့်ပေးသည်။ pingရေချိုးပြီးလို့ ထွက်လာတော့
YOU ARE READING
ခက်ခဲကြမ်းတမ်းတဲ့ချစ်ခြင်း
Romanceကိုယ် လက်လွှတ်ပေးခဲ့ရတာနဲ့တန်အောင် ပျော်"ရွှင်"နေမှပေါ့ ကလေးငယ်ရယ် မင်းရဲ့အပြုံးတစ်ပွင့်က ကိုယ့်ရဲ့ကမ္ဘာကြီးဆိုတာ သိတယ်မလား..။ #meenping#