မနက်ခင်းနေရောင်ခြည်ဟာဆိုရင် ဘဲပေါက်လေးရဲ့အခန်းပြတင်းပေါက်ကို ထိုးဖောက်လာပြီး ဘဲပေါက်လေးရဲ့မျက်နှာပေါ်ကို ကျရောက်နေလေတော့ လှုပ်"လှုပ်"နဲ့နှိုးလာတဲ့ ဘဲပေါက်လေး ။ နှိုးတာနဲ့မျက်လုံးလေးကမဖွင့်ပဲ အောက်ကိုဆင်းလာတဲ့ဘဲပေါက်
"သားငယ် နှိုးလာပြီလား"
"အွင်း...."
"မားရဲ့သားငယ်လေးက အိပ်ရာထတဲ့ပုံလေးကိုကချစ်ဖို့ကောင်းနေပါလား"
"ဟီး....."
ရယ်သာရယ်နေတာမျက်လုံးကတော့ မဖွင့်
"သားငယ် မနက်စာဘာစားချင်လည်း မားကိုပြော သားငယ်....သားငယ်..ဒီကလေးတော့ ပြန်ပြီး အိပ်ပျော်သွားပြန်ပါပြီ..nicha..nicha"
အိပ်ပျော်သွားတဲ့ဘဲပေါက်ကို ပွေ့ထားရင်းခေါ်လိုက်သည်။
"ဟုတ် အန်တီ ဘာခိုင်းစရာရှိလို့လဲဗျ"
"ငါ့သားအိပ်ပျော်သွားလို့ မင်းပွေ့ပြီးသူ့အခန်းထဲကို ပို့ပေး"
"ဟုတ် ဟုတ်"
"ညင်ညင်သာသာလေးလုပ်နော် ငါ့သားရဲ့အသားတွေကနုနုလေးတွေ"
"ဟုတ်ကဲ့ပါဗျအန်တီ"
"အေးအေး သေချာပွေ့ ဖြေး"ဖြေး"
"ဟုတ်.."
nichaမှာတော့ ဘဲပေါက်လေးကို ပွေ့ပြီး အပေါ်တက်ကအခန်းလေးဆီ ပို့လိုက်ရသည်။ အခန်းထဲရောက်တော့ ကုတင်ပေါ်ကို ဖြေး"လေးချပြီး စောင်လေးကို ခြုံပေးလိုက်သည်။
"အိပ်နေတာတောင် ဘာလို့ အဲ့လောက်ချစ်ဖို့ကောင်းရတာလဲ ဘဲပေါက်ရယ်..."
အိပ်နေတဲ့ဘဲပေါက်ရဲ့ ဆံပင်လေးတွေကို လက်ချောင်းသွယ်သွယ်လေးတွေနဲ့ လုပ်နေရင်းပြောလိုက်သည်။
"ကောင်း"အိပ်ပျော်ပါစေနော် ဘဲပေါက်လေး"
ဘဲပေါက်ရဲ့ နဖူးလေးကို အသာအယာလေးနမ်းလိုက်ပြီး အပြင်ထွက်သွားတဲ့ nicha
တုန်
တုန် တုန့်တုန်တုန် တုန်................ဖုန်းလာတဲ့အသံပါ😂😂
"Hello...."
"Nong ping ka...အိပ်နေတုန်းလားခ..."
"အေး.."
YOU ARE READING
ခက်ခဲကြမ်းတမ်းတဲ့ချစ်ခြင်း
Romanceကိုယ် လက်လွှတ်ပေးခဲ့ရတာနဲ့တန်အောင် ပျော်"ရွှင်"နေမှပေါ့ ကလေးငယ်ရယ် မင်းရဲ့အပြုံးတစ်ပွင့်က ကိုယ့်ရဲ့ကမ္ဘာကြီးဆိုတာ သိတယ်မလား..။ #meenping#