part.30

205 13 0
                                    

"nicha...မျက်နှာကဘာဖြစ်လို့ ဝမ်းနည်းနေတဲ့ပုံပေါက်နေရတာလဲ"

"မပေါက်ပါဘူး Phi Charရဲ့ဘယ်နားဝမ်းနည်းနေတဲ့ပုံပေါက်နေလို့လဲ"

"မင်းကိုကြည့်နေတာ ping pingနဲ့နေဝင်ဆီးဆာမကြည့်ခင် ကတည်းက မင်းတစ်ခုခုဖြစ်နေတယ်မလား"

"မဖြစ်ပါဘူး ကျွန်တော်ဘာမှမဖြစ်ဘူး ပင်းငယ်ဆီသွားလိုက်ဦးမယ်နော် Phi"

"အေးအေး"

nicha Charlotte ရှေ့မှာမလို့သာဘာမှမဖြစ်သလိုဟန်ဆောင်နေပေမယ့် နောက်ကွယ်မှာတော့ မျက်ရည်တွေဝဲနေမိနေတာပေါ့။အဲ့လိုနဲ့nicha pingရှိတဲ့မီးဖိုချောင်လေးဆီ သွားတော့သည်။

"ပင်းငယ်......"

"Meen......."

"Meenဘာကူလုပ်ပေးရဦးမလဲ"

"ရတယ် ပြီးတော့မှာ"

"အင်း"

"အင့်......Meen..?!??"

"ငြိမ်"လေးနေပါ ဒီတိုင်းလေးဖက်ထားချင်လို့"

"ဒါပေမယ့် ဟိုမှာPhiတို့ရှိတယ်လေ"

"ဘာမှမဖြစ်ပါဘူး ပင်းငယ်လေးရယ်"

"Meenဘာဖြစ်နေတာလဲဟင်"

"ဘာမှမဖြစ်ပါဘူး ဘာလို့လဲ"

"မဟုတ်ပါဘူး ရုတ်တရက်ကြီးလာဖတ်နေလို့လေ"

"ဘာဖြစ်လို့လဲ ပင်းငယ်ကMeenဒီလိုဖက်ထားတာကိုမကြိုက်လို့လား"

"မဟုတ်ပါဘူး Meenရယ် ရုတ်တရက်ဆိုတော့နည်း"ကြောင်သွားလို့ပါ"

"အင်း"

"လွှတ်ပါဦး အလုပ်လုပ်နေတာကို"

"မလွှတ်ပါဘူး"

"ခဏပဲလွှတ်လေ ပြီးရင်ပြန်ဖက်နော်"

"မရဘူး"

"Meen...မရလို့မရဘူးလေ ဒီမှာလုပ်နေတာမပြီးသေးဘူးလေ"

"ဒီတိုင်းလုပ်"

"ဒီတိုင်းလုပ်လို့အဆင်မှမပြေတာကို Meenရယ် ခဏပဲဒါလေးကို Phi Engfa ဆီပေးပြီးပြန်လာရင်ပြန်ဖက်နော် အခုတော့လွှတ်ပါဦး"

"မလွှတ်ပေးဘူး"

"Meen..."

"အဟမ်း!!!!!အဟမ်း!!! ဒါကမီးဖိုချောင်နော် ဘေးမှာလူတွေရှိသေးတယ်ဆိုတာလည်း သတိထားကြပါဦး အတွဲရယ်"

ခက်ခဲကြမ်းတမ်းတဲ့ချစ်ခြင်းWhere stories live. Discover now