pingတစ်ယောက်အတန်းချိန်ပြီးတော့ အတန်းရဲ့အပြင်မှာရပ်ပြီး dunkတို့အတွဲကိုစောင့်နေတာပေါ့။dunkတို့အတွဲကအိမ်သာသွားတာကြောင့်ပါ။ဘယ်သွားသွားအတူတူသွားလိုက်ရမှကျေနပ်တဲ့အတွဲပါ။
"P'Meen...ခ P'Meen...."
"ဘာပြောချင်လို့လဲ Nong"
"ဟို....ဒီမုန့်လေးလက်ခံပေးလို့ရမလားရှင့်"
"P'ကို ဘာလို့ပေးတာလဲမသိဘူး"
"ဟို....Miya ကP'Meenကိုခင်တဲ့သဘော မလို့ပေးတာပါ P'Meen လက်ခံပေးပါနော်"
"ဪ...ဟုတ်ပါပြီ"
Ping nichaနဲ့Miyaတို့စကားပြောပြီး ရီနေကြတာကိုကြည့်နေလေသည်။pingရဲ့မလှမ်းမဝေးနေရာမှာဆိုတော့ pingလဲမျက်စိကဟိုကြည့်ဒီကြည့်နဲ့ nichaတို့ဆီရောက်သွားတာပေါ့။
"ping!!!ping!!!!!"
"ဟင်.!..!!.."
"ဘာတွေကြည့်နေတာလဲ"
"ဘာမှမကြည့်ပါဘူး"
"P'Meenကတကယ်ကိုပြတ်သားသွားတာပဲနော်"
"Kluen!...!"
ဖက်
"ဘာလို့ရိုက်တာလဲDao...."
"စကားကိုရှေ့ကြည့်နောက်ကြည့်ပြီး မပြောလို့လေ"
"ဘာပြောလို့လဲ"
"ခဏကပြောလိုက်တာလေ"
"ဘာလဲ.......P'Meen.."
"ရပ်လိုက်တော့ Kluen ဆက်ပြောရင် Daoအဆိုးမဆိုနဲ့နော် ping မင်းညကျအားလား"
"အားပါတယ် ဘာလို့လဲ"
"ညကျကလပ်သွားရအောင်လေ"
"မင်းနဲ့လည်းနော် အားတိုင်းကလပ်ကိုပဲသွားချင်နေတာပဲ ငါမအားဘူး ဟေ့ကောင်"
"ဘာလို့လဲ......."
"ငါညကျ ဆရာမပေးလိုက်တဲ့အိမ်စာတွေလုပ်မလို့လေ ဘာလဲမင်းရောလုပ်ရမှာမဟုတ်ဘူးလား"
"ဟုတ်တယ် ဒါပေမယ့်အဲ့ဒါကရပါသေးတယ်ကွာ ဆရာမပြောတာနောက်အပတ်မှထပ်ရမှာလို့လေ အေးဆေးလုပ်လို့ရတယ်"
"မင်းဘာသာအေးဆေးလုပ်လုပ်မလုပ်လုပ် ငါကတော့ ညကျလုပ်မှာ"
"မင်းကလည်းအဖော်ကိုညှိလို့မရဘူး တကယ်ပဲ"
YOU ARE READING
ခက်ခဲကြမ်းတမ်းတဲ့ချစ်ခြင်း
Romanceကိုယ် လက်လွှတ်ပေးခဲ့ရတာနဲ့တန်အောင် ပျော်"ရွှင်"နေမှပေါ့ ကလေးငယ်ရယ် မင်းရဲ့အပြုံးတစ်ပွင့်က ကိုယ့်ရဲ့ကမ္ဘာကြီးဆိုတာ သိတယ်မလား..။ #meenping#