nichaတစ်ယောက်ကတော့ မုန့်စားပြီးကတည်းကဖုန်းပြောနေလေသည်။အခုထိဖုန်းကပြောလို့မပြီးသေး pingကတော့လှမ်း"ကြည့်နေဝာာပေါ့။
"ping ping...."
"ဟုတ် Phi"
"ဘာတွေစိတ်မချဖြစ်လို့ လှမ်းကြည့်နေရတာလဲ"
"Meen..ကဖုန်းပြောနေတာကြာလှပြီ အခုထိမပြီးသေးဘူးလေ အဲ့တာဘယ်သူနဲ့များပြောနေလဲမသိဘူး"
"ping pingရယ် nichaပြောသွားတယ်လေ ကျောင်းကစီနီယာအမနဲ့ဖုန်းပြောမလို့ လို့လေ"
"Phiရယ် ကျွန်တော်လဲသိပါတယ်"
"သိရဲ့သားနဲ့ဘာလို့ဂနာမငြိမ်ဖြစ်နေရတာလဲ"
"Phiပဲစဉ်းစားကြည့်လေ ကိုယ့်ချစ်သူကတခြားမိန်းကလေးတစ်ယောက်နဲ့ဖုန်းအကြာကြီးပြောနေတာကို စိတ်မချမဖြစ်ပဲနေမလားလို့ ဘာလို့များအဲ့လောက်အကြာကြီးပြောနေရတာလဲမသိဘူး"
"ping pingအဲ့လောက်ထိသဝန်တိုတက်မှန်း Phiမသိခဲ့ဘူး"
"အဲ့လောက်ကိုမဟုတ်ဘူး Phiအဲ့လောက်ထက်ပိုသေးတယ်"
"ဟုတ်ပါပြီရှင်"
Engfaတစ်ယောက်ခေါင်းရမ်းပြီး ပြုံးနေလေသည်။nichaလဲ ခဏလောက်ကြာတော့ pingတို့ထိုင်နေတဲ့ဆိုဖာဆီပြန်လာပြီး pingနားကိုကပ်ထိုင်လိုက်သည်။
"Meen....."
"ဗျာ ပင်းငယ်"
"ဘာလို့ဖုန်းကိုအကြာကြီးပြောနေတာလဲ"
"တိုင်ပင်စရာလေးရှိလို့ အဲ့တာပြောရင်းကြာသွားတာပါ"
"ဘာတွေတိုင်ပင်နေတာလဲဟင်"
"ကျောင်းကိစ္စပါပင်းငယ်ရယ် ဘာမှမဟုတ်ဘူး"
"ဒါနဲ့Meenငိုလာတာလား"
"မငိုပါဘူး Meenကဘာလို့ငိုရမှာလဲ ပင်းငယ်လေးရဲ့ဟမ်!"
"Meenကိုကြည့်ရတာ ငိုထားတဲ့ပုံပဲ ပင်းငယ်ကိုအမှန်အတိုင်းပြောပါ"
"တကယ် Meenမငိုပါဘူး ပင်းငယ်လေးရယ် ခဏကမျက်စိထဲဖုန်ဝင်သွားလို့ပါ"
"ဟုတ်လို့လား"
"ဟုတ်ပါတယ်ဗျ ဒါနဲ့ခဏနေကျရင်လေ Meenတို့နေဝင်ဆီးဆာသွားကြည့်ကြမလား "
YOU ARE READING
ခက်ခဲကြမ်းတမ်းတဲ့ချစ်ခြင်း
Romanceကိုယ် လက်လွှတ်ပေးခဲ့ရတာနဲ့တန်အောင် ပျော်"ရွှင်"နေမှပေါ့ ကလေးငယ်ရယ် မင်းရဲ့အပြုံးတစ်ပွင့်က ကိုယ့်ရဲ့ကမ္ဘာကြီးဆိုတာ သိတယ်မလား..။ #meenping#