ညစာစားပြီးကြတော့ အကုန်လုံးစကားထိုင်ပြောနေကြတာပေါ့။ပြောနေရင်း nichaကို
Charlotte သတိရသွားလေသည်။"Engfa........nichaကိုသွားခေါ်ပေးပါ"
"ခေါ်လို့မရဘူး"
"ဘာလို့လဲ!?!?"
"ဘာလို့လဲဆိုတော့ nichaကအိပ်နေလောက်ပြီမလို့လေ နားခိုင်းလိုက်ပါ သူလဲတနေကုန်လုပ်ပေးထားရတာလေ"
"ဒါပေမယ့်လဲ ping ping ကအထီးကျန်နေမှာပေါ့ သွားခေါ်ပေးပါ"
"ရပါတယ် Phi Charရယ် Meenနားပါစေ ကျွန်တော်အထီးမကျန်ပါဘူး"
"အထိီးမကျန်ဘူးသာပြောနေတာ မျက်နှာကိုကြည့်လိုက်တာနဲ့Phi သိတယ်နော် ping ping "
"Charရယ် မူးနေရင်လဲအေးဆေးနေပါ ကလေးကိုမစနဲ့"
"ဘယ်မှာမူးလို့လဲ မမူးပါဘူး Charက Engfaလိုမှမဟုတ်တာ"
"ဟုတ်ပါပြီ"
"ဒါနဲ့ ဟိုမြွေမကိုမတွေ့ပါလား ဟမ်!?!? ဘယ်ရောက်နေတာလဲ ခါတိုင်းဆို ping ping နားကိုတောက်တဲ့လိုကပ်နေတဲ့ဟာမ"
"Phi Charဘယ်သူ့ကိုပြောနေတာလဲ!?!?"
"ဟိုမြွေမပါဆို လီ.....အု"
"ဘယ်သူမှမဟုတ်ပါဘူး ping ping ရယ်မင်းရဲ့Phiမူးပြီးလျှောက်ပြောနေတာ သွားနားချည်တော့ မနက်ပြန်ကြမှာမလား သွားသွားမိုးချုပ်နေပြီ"
"ဟုတ် Phi dunkလိုက်မလား တခါထဲ"
"မလိုက်သေးဘူး ငါPhiတို့နဲ့အတူတူခဏလောက်နေချင်သေးတယ်"
"အေးပါကွာ အဲ့တာဆိုလဲငါသွားနားပြီနော်"
"အေး Gn"
"Gn"
Pingလဲ ပင်ပန်းထားတော့ သွားနားလိုက်တော့သည်။
"Phi Engfaပြောပါဦး လိီယူကိုဘယ်လိုလုပ်လိုက်တာလဲ"
"Phi dunkပြောပြတဲ့ဒုတိယအစီအစဉ်ပဲလုပ်လိုက်တာ ပထမအစီအစဉ်ကအချိန်ယူရဦးမှာဆိုတော့လေ အဲ့တာကြောင့်"
"အလော့ဂျစ်ထအောင်လုပ်လိုက်တာလား"
"ဟုတ်တယ်"
"သူအခုဘယ်လိုနေမလဲမသိဘူး"
"မနက်ကတော့ မျက်နှာတစ်ခုလုံးရောင်ကိုင်းပြီး တကိုယ်လုံးအနီအစက်ပျောက်တွေနဲ့ အခုတော့မသိဘူး ဟဲဟဲ"
YOU ARE READING
ခက်ခဲကြမ်းတမ်းတဲ့ချစ်ခြင်း
Romanceကိုယ် လက်လွှတ်ပေးခဲ့ရတာနဲ့တန်အောင် ပျော်"ရွှင်"နေမှပေါ့ ကလေးငယ်ရယ် မင်းရဲ့အပြုံးတစ်ပွင့်က ကိုယ့်ရဲ့ကမ္ဘာကြီးဆိုတာ သိတယ်မလား..။ #meenping#