part.42 Final

547 24 9
                                    

dunkတို့pingကို သူတို့နှစ်ယောက်ဝယ်ထားတဲ့ကွန်ဒိုဆီခေါ်သွားတော့သည်။ကွန်ဒိုရောက်တော့ pingရဲ့ခြေထောက်ကိုdunkသေချာအရက်ပြန်နဲ့ဆေးကြောပြီး ဆေးထည့်ပေးနေသည်။

"ping မင်းမနာဘူးလားဟင်"

"ငါနာကျင်ရခဲ့တာတွေထက်စာရင်တော့ဒီလောက်ကအမှုန်အမွှားလေးပဲရှိတယ် dunk...ဘယ်လိုများအဲ့လောက်တောင်လုပ်ရက်ရတာလဲ မိခင်တစ်ယောက်ဖြစ်ပြီးတော့"

"မုန်းတဲ့စိတ်က ဝါးမြိုသွားတာလေ"

"ဒါပေမယ့်လဲ ဒိီလောက်ထိတော့မလုပ်သင့်ဘူးလေ.....အလကားနေရင်းငါရယ်Meenရယ်ကကြားထဲကမြေစာပင်ဖြစ်သွားခဲ့ရတယ်......"

"အမုန်းအဃာတတွေကို ထားမိပြီဆိုတာနဲ့အဲ့လူကဘာမှမသိတော့ပဲ ကိုယ်လုပ်ချင်တာကိုယ်ဖြစ်ချင်တာတွေကိုပဲလုပ်တက်ကြတာ သူတို့ကအဲ့တာတွေကြောင့် မျက်ကန်းလုံး"ဖြစ်သွားခဲ့တယ်လေ"

"Meen ဘယ်လောက်များခံစားနေရရှာမလဲ ငါMeenကိုတောင်းပန်စကားကလွဲပြီး ဘာများလုပ်ပေးနိုင်သေးလဲဟင် dunkပြောပါဦး..."

"အခုချိန်တော့ P'Meen ကိုခဏလောက်လွှတ်ထားပေးလိုက်ပါဦး မင်းလဲနားသင့်ပြီနော် ping မင်းတော်"လေးကိုပင်ပန်းခဲ့ရတာလေ မင်းနောက်ထပ်ဒိီလိုတွေထပ်မလုပ်ပါနဲ့ ငါတောင်းပန်ပါတယ်"

"ငါMeenကိုဖက်ထားချင်လိုက်တာ...dunkရယ် Meenအရမ်းဝမ်းနည်းနေတဲ့အချိန် အားငယ်နေတဲ့ချိန်တွေမှာငါ Meenနဲ့အတူတူရှိနေပေးချင်လိုက်တာ အခုလိုချိန်ဆိုMeenတစ်ယောက်ထဲ ဘယ်လောက်များပင်ပန်းနေရှာမလဲ......."

"Pingမင်းသူများအတွတ်ပဲတွေးပေးမနေနဲ့ကို့ကိုယ်ကိုအတွတ်လဲတွေးပါဦးလား"

"ငါကိုယ်ငါထက် Meenကိုပိုပြီးချစ်တယ် ငါဘယ်လောက်ပဲနာကျင်နေပါစေ Meenရဲ့မျက်နှာကိုမြင်ရရင်ကို ငါ့မှာအဲ့နာကျင်မှုတွေကပျောက်သွားရော...Meenငါ့ကိုဘယ်လောက်ပဲနာကျင်အောင်လုပ်ပါစေ ငါMeenကိုမမုန်းဘူး ဘာလို့ဆိုငါMeenကိုအရမ်းချစ်တာမလို့ပဲ dunk...."

"ငါသိပါတယ် pingရယ် မင်းဒိစကားတွေကိုဘယ်နှခါရှိနေပြီလဲပြောနေတာ ကြားရလွန်းလို့လဲငါအလွတ်ရနေပြီ"

ခက်ခဲကြမ်းတမ်းတဲ့ချစ်ခြင်းWhere stories live. Discover now