ဒေါက် ဒေါက် ဒေါက်
"အကိုလေး!!?? အကိုလေး!!??"
အပြင်ကသာအော်နေတာ အထဲကလူကတော့ တုတ်တုတ်မှမလှုပ် အဲ့တာနဲ့ nichaလည်း တံခါးကိုလက်ကိုင်ကိုလှည့်ကြည့်တော့ တံခါးကလော့မချထားတာနဲ့ ဝင်သွားလိုက်သည်။စောင်ပုံလေးထဲခွေခွေလေးအိပ်ပျော်နေတဲ့ pingနားကို သွားပြီး နဖူးလေးစမ်းကြည့်လိုက်တော့ အဖျားတက်ပြီး တကိုယ်လုံးပူကျစ်တောက်နေလေရဲ့ ဒါနဲ့ nichaလည်း အမြန် ရေဇလုံနဲ့ သဘတ်လေးကိုယူပြီး pingရဲ့ နဖူးလေးပေါ်ကို ကပ်ထားလိုက်သည်။
"အကိုလေး.... အကိုလေး.. ရရဲ့လား"
"အွင်...အွန်းးး "
"ဆေးခန်းသွားမလား ဒါမှမဟုတ် Dr.ကိုအိမ်ပင့်လိုက်ရမလား"
"ရတယ်မလိုဘူး ဒီတိုင်းပဲကပ်ထားပေး ရတယ်"
"တကယ်ရလို့လား အကိုလေးရဲ့ကိုယ်ကပူကျစ်နေတာ"
"ရတယ် ..."
nichaလည်း နဖူးပေါ်ကဟာလေးကို ပူရင်ရေနစ်လိုက် ပြန်ကပ်ပေးလိုက်နဲ့လုပ်ပေးနေရတာပေါ့ pingကတော့ဖျားတဲ့အရှိန်ကြောင့် အိပ်နေတာပေါ့။
"ချမ်းတယ်...ချမ်းတယ်"
"အကိုလေးချမ်းနေတာလား"
"အွန်း...အရမ်းချမ်းတာပဲ.."
nichaလည်း ဗီရိုထဲကစောင်ထူကြီးတစ်ထည်ယူပြီး ခြုံပေးတော့လည်း pingရဲ့ချမ်းတဲ့စိတ်ကမပျောက်သွားဘူး။ ဒါနဲ့ nichaလည်း pingနဲ့အတူတူ စောင်ထဲအတူတူဝင်လိုက်ပြီး pingကို ဖတ်ထားလိုက်တော့ pingရဲ့ချမ်းတဲ့စိတ်က ပျောက်သွားသည်။ pingတစ်ယောက်ကတော့ အိပ်ပျော်နေပေမယ့် nichaမှာတော့ အိပ်မပျော်ပဲနေသည်။ နဖူးမှာကပ်ထားတဲ့ ဟာကိုလည်း ရေနစ်လိုက်ပြန်ကပ်လိုက် pingကိုဖက်ထားပေးရတာနဲ့ ညတစ်ညဟာ ကုန်ဆုံးသွားလေတော့သည်။မနက်ရောက်တော့
"အွန်းး အွင်...."
Pingတစ်ယောက် သူ့မျက်နှာပေါ် နေရောင်ခြည်ကလာထိုးတော့ နှိုးသွားလေသည်။ နှိုးတော့ ဘေးကိုကြည့်လိုက်တော့ nichaမြင်လိုက်တော့ ခဏကြောင်သွားသည်။
သေချာကြည့်တော့ သူက nichaရဲ့ရင်ခွင်ရောက်နေတာသတိထားမိပေမယ့် nichaကိုသေချာစိုက်ကြည့်နေမိသည်။
YOU ARE READING
ခက်ခဲကြမ်းတမ်းတဲ့ချစ်ခြင်း
Romanceကိုယ် လက်လွှတ်ပေးခဲ့ရတာနဲ့တန်အောင် ပျော်"ရွှင်"နေမှပေါ့ ကလေးငယ်ရယ် မင်းရဲ့အပြုံးတစ်ပွင့်က ကိုယ့်ရဲ့ကမ္ဘာကြီးဆိုတာ သိတယ်မလား..။ #meenping#