part.31

195 13 3
                                    

ဒီနေ့မိုးကောင်းကင်ဟာအုံ့မှိုင်းနေလေရဲ့။ကောင်းကင်တစ်ခုလုံးမဲမှောင်နေပြီးနေရောင်ဆိုရင်လဲတစ်စိုးတစိမျှမမြင်ရပါ။မိုးဟာဆိုရင်လဲသည်းကြီးမည်းကြီးရွာနေလေရဲ့။အိပ်ရာထဲကကောင်လေးလဲ မိုးချိန်းသံကြောင့်နှိုးလာခဲ့သည်။

"အွင်.....အွန်းးးးး"

Pingနှိုးလာဝောာ့ အိပ်ရာဘေးကြည့်တော့အေးစက်နေလေသည်။ဒါနဲ့ခြုံထားတဲ့စောင်ကိုဖယ်ချပြီး အခန်းပြင်ထွက်ခဲ့တော့သည်။

"ping ping...နှိုးလာပြီလား"

"ဟုတ် Phi Becky "

"ဘယ်သူ့ရှာနေတာလဲ"

"Meenကို Phi"

"nichaအခုထိပြန်မလာသေးဘူးလား"

"ဟုတ်တယ် Phi"

"အယ်...ဒီကလေးဘယ်တွေသွားနေတာလဲ အပြင်မှာကလဲမိုးတွေကသည်းကြီးမည်းကြီးရွာနေတယ်"

"ဟုတ်ပါ့ Phiရယ် ဒီနေ့မှဘာလို့မိုးကဒီလောက်ရွာနေတာလဲမသိဘူး"

"အေးတယ်နော် ping ping အနွေးထည်လေးထပ်ထားဦး"

"ဟုတ်ကဲ့Phi ဟင်!.....Meen....??"

"nichaတကိုယ်လုံးလဲစိုရွဲနေတာပဲ ဘယ်လိုဖြစ်လာတာလဲ သွားသွား ping ping nichaကိုအခန်းထဲခေါ်သွားပြီး လုပ်ပေးလိုက်ဦး"

"ဟုတ် ဟုတ် လာMeen"

Ping nichaလက်ကိုဆွဲအခန်းထဲခေါ်သွားပြီး ကုတင်ပေါ်nichaကိုထိုင်ခိုင်းထားပြီး ဗီရိုထဲကတဘတ်လေးယူပြီး ခေါင်းသုတ်ပေးနေလေသည်။

"Meen..ဘယ်လိုဖြစ်ပြီး အခုလိုမိုးရေတွေစိုလာရတာလဲ"

"ပြန်လာတဲ့လမ်းမှာ ကားကပျက်သွားသေးလို့ပြင်နေတုန်း မိုးကရွာလာတာလေ အဲ့တာကြောင့် အခုလိုစိုလာတာ"

"ဪ ပြပါဦးအအေးမိသေးလား"

Nichaနဖူးလေးကိုစမ်းကြည့်နေတဲ့pingရဲ့လက်ကိုဖယ်ပြီး မတ်တပ်ထရပ်လိုက်တဲ့nicha

"Meen...ဘာဖြစ်လို့လဲဟင်"

"လမ်းခွဲကြရအောင်"

"ဘာလို့ဒိီလိုလုပ်ရတာလဲ Meen...ဘာလို့လဲ.."

"ကိုယ်တို့အတူတူရှိလို့မရတော့ဘူး သွားတော့"

ခက်ခဲကြမ်းတမ်းတဲ့ချစ်ခြင်းWhere stories live. Discover now