"ဘယ်လိုဖြစ်လို့ ဇွက်တွေဆွဲခေါ်လာရတာလဲ"
"လုပ်စရာရှိလို့ပေါ့ကွာ"
"မင်းကဘာလုပ်မှာမလို့လဲ မင်း..မင်း မဟုတ်မှလွှဲရော ဖွန်ကြောင်မလို့မလားဟမ်"
"ဟုတ်တယ် ဟဲဟဲ"
"လာရီပြမနေနဲ့ဟေ့ကောင် မင်းကိုငါကူညီပေးထားတာတွေလည်းများနေပြီ ဒိီတခါတော့မကူညီနိုင်တော့ဘူး"
"မင်းကလည်း သူငယ်ချင်းအချင်းချင်းကို ကူညီစမ်းပါကွာ ဒိီတစ်ခါထဲပဲ နော် နော် နော်"
"မင်းပြောလိုက်ရင် ဒီတခါထဲပဲ ဒိီတခါထဲပဲနဲ့
ဘယ်နှခါရှိနေပြီလဲဟမ် ဘယ်တော့မှမြဲအောင်လည်းမတွဲပဲနဲ့""အဲ့တာကငါ့ရဲ့စတိုင်ပဲလေ လုပ်စမ်းပါကွာ သူငယ်ချင်းအချင်းချင်းကို"
"ကဲပြော အခုရောဘယ်မေဂျာကကောင်မလေးလဲ မင်းဖွန်ပတ်ကြောင်နေတာ တစ်ကျောင်းလုံးကမေဂျာတွေလည်း မရှိသလောက်ရှိနေပြီ"
"စီးပွားရေးမေဂျာက"
"စီးပွားရေးမေဂျာက??နေစမ်းပါဦး အဲ့တာက ဘဲပေါက်တို့အခုတက်နေတဲ့မေဂျာမလား"
"ဘဲပေါက်!? ဘယ်ကဘဲပေါက်လဲ?"
"မင်းမသိရင်အသာနေစမ်းပါကွာ နာမယ်ကရော"
"Nanon Korapatတဲ့"
"ဟမ်!!!!!!Nanon Korapat ဟုတ်လား!!!!!"
"အေးဟုတ်တယ် မင်းကလည်းအော်လိုက်တာ"
"သူကစီးပွားရေးမေဂျာက စီနီယာလေ ပြီးတော့ ယောကျာ်းကြီးလေ!!??"
"အေးလေ ဘာဖြစ်လဲ စိီနီယာနေနေ ဘာနေနေ ငါကြိုက်လို့ ကူညီစမ်းပါကွာ"
"အဲ့တာတော့ မရလောက်ဘူးထင်တယ် ဟေ့ကောင်"
"ဘာကိုမရတာလဲ မင်းကူညီပေးရင် အကုန်အဆင်ပြေတဲ့ဟာ ဘာကိုမရတာလဲ"
"မရဘူး မရဘူး တကယ်မရဘူး ဒါတော့ ငါမကူညိီပါရစေနဲ့ကွာနော် မိုးမီးလောင်မှာ"
"ဘာကိုမိုးမီးလောင်မှာလဲ မင်းကလည်း ကူညီစမ်းပါကွာ မိုးမီးလောင်လို့မက ပင်လယ်ကြီးပဲလောင်" ကောင်းကင်ကြီးပဲလောင်"ကွာ မင်းကူညီရမှာပဲ ဘာမှလာမပြောနဲ့"
YOU ARE READING
ခက်ခဲကြမ်းတမ်းတဲ့ချစ်ခြင်း
Romanceကိုယ် လက်လွှတ်ပေးခဲ့ရတာနဲ့တန်အောင် ပျော်"ရွှင်"နေမှပေါ့ ကလေးငယ်ရယ် မင်းရဲ့အပြုံးတစ်ပွင့်က ကိုယ့်ရဲ့ကမ္ဘာကြီးဆိုတာ သိတယ်မလား..။ #meenping#