Pingတစ်ယောက် လီယူခေါ်လို့သာလိုက်လာရတာမျက်နှာကတော့သိပ်မကောင်း ဘာလို့ဆို ခဏကသူnichaရဲ့မျက်နှာကိုကြည့်လိုက်တော့ nichaမျက်နှာမကောင်းတာရိပ်မိပေမယ့် လီယူကြောင့်လို့ထင်မိပါတယ် ဘာလို့သူသိပ်ချစ်ရတဲ့လူသားလေးက တခြားအမျိုးသမီးတစ်ယောက်နဲ့လက်ချိတ်ပြီး သွားလာနေတော့ သူ့စိတ်ထဲလဲဘယ်ကောင်းပါ့မလဲ
Ping pov:Meen အခုချိန်စိတ်မကောင်းဖြစ်နေမှာတော့သေချာတယ် လီယူကလဲငါ့နားကနေကိုမခွာတော့ဘူး Meenနဲ့စကားပြောဖို့အချိန်လေးတောင် မရဘူး Meenစိတ်ထဲငါ့ကိုတစ်မျိုးများထင်နေမလား ငါဘယ်လိုလုပ်ရမလဲ လီယူကငါ့အချစ်ဦး ဒါပေမယ့် အခုငါချစ်နေတာကMeenလေ လီယူပေါ်မှာငါစိတ်မှမရှိတော့တာ ဟူးဘယ်လိုတောင်လုပ်ရပါ့မလဲ
"Kritt.!!!! Kritt!!!!!!!"
"ဟင်!.!...!"
"ဘာတွေအဲ့လောက်တွေးနေလို့ လီယူခေါ်နေတာတောင်မကြားရတာလဲ"
"ဘာမှမတွေးပါဘူး"
"အဲ့တာဆို လီယူဘာပြောလိုက်တာလဲသိလား"
"လီယူကဘာပြောတာလဲ!?!?"
"ပြောတော့မတွေးဘူးဆို အဲ့တာဆိုလီယူပြောတာသိရမှာပေါ့"
"ကဲပါ မားအခန်းတောင်ရောက်ပြီ အခန်းထဲဝင်ရအောင်နော်"
"ဟုတ် Kritt "
"မား........."
"ဟော သားငယ်နဲ့ သမီးလာလေ"
"မားဘာတွေလုပ်နေတာလဲ"
"ဘာမှမလုပ်ပါဘူးသမီးရယ် ဘယ်လိုလုပ်နှစ်ယောက်သားရောက်လာကြတာလဲ"
"သမီးတို့ကမားနဲ့အတူတူ ညစာစားရအောင်လို့လာခေါ်တာ မားရဲ့"
"ဟုတ်လား မားလည်းဗိုက်ဆာနေတာနဲ့အတော်ပဲ"
"Kritt!!!!!! Kritt!!!!!"
"ဟင်!.!.?"
"တွေ့လား မား မားရဲ့သားကလေ သမီးခေါ်နေတာတောင်မကြားရအောင်ဘာတွေများစဉ်းစားနေလဲမသိဘူး"
"သားငယ် ဘာတွေစဉ်းစားနေလို့ သမီးလီယူခေါ်တာတောင်မကြားရတာလဲ"
"ဘာမှမစဉ်းစားပါဘူးမားရဲ့ သားဗိုက်ဆာနေပြီ သွားစားရအောင်နော်"
YOU ARE READING
ခက်ခဲကြမ်းတမ်းတဲ့ချစ်ခြင်း
Romanceကိုယ် လက်လွှတ်ပေးခဲ့ရတာနဲ့တန်အောင် ပျော်"ရွှင်"နေမှပေါ့ ကလေးငယ်ရယ် မင်းရဲ့အပြုံးတစ်ပွင့်က ကိုယ့်ရဲ့ကမ္ဘာကြီးဆိုတာ သိတယ်မလား..။ #meenping#