part.32

178 14 2
                                    

ဒေါက် ဒေါက် ဒေါက်!!!!!!!!!!

"nicha!!!!nicha!!!!! Phiကိုတံခါးဖွင့်ပေးပါဦး nicha...!!!!!!"

Freenဖုန်းဆက်လိုက်တာကြောင့် Engfaရောက်ချလာခြင်းဖြစ်သည်။

"nicha!!!!nicha!!!!!!!"

nichaတစ်ယောက်ကတော့ဘာမှပြန်မဖြေပဲ အခန်းထဲကဆိုဖာခုံပေါ်ထိုင်ပြီး ပြတင်းပေါက်ကမိုးစက်တွေကိုကြည့်ရင်းအတွေးတွေနဲ့သာ လက်ကသွေးစက်တွေကအောက်ကိုတစ်စက်တစ်စက်နဲ့ကျနေလေသည်။

Nicha pov:ပင်းငယ်အခုဘယ်တွေရောက်နေမလဲ မိုးရေထဲတစ်ယောက်ထဲထိုင်ငိုနေမလား အိမ်ရောပြန်တက်ပါ့မလား ဒါမှမဟုတ်လမ်းမှာတစ်ခုခုများဖြစ်နေမလား မိုးမိရင်တော့ဖျားမှာသေချာတယ် ပင်းငယ်လေးကလေအရမ်းကိုနုတာ ဟိုတခါကပဲကြည့်လေခဏလေးပဲရေစိုသွားတာကို ပင်းငယ်လေးမှာဖျားသွားရှာတာ အခုလိုမိုးရွာထဲအကြာကြီးများနေနေရင်......

nichaတွေးနေရင်းလက်ကိုမေးအောက်ထားတော့လက်ကနာတာကြောင့်အော်လိုက်ခြင်းဖြစ်သည်။nichaလဲဆေးထည့်ဖို့ဆိုပြီး ဆေးသတ္တာဘူးလေးကိုနေရာအနှံ့လိုက်ရှာသော်လည်း မရှိတာကြောင့်အခန်းအပြင်ကိုထွက်တော့

"nicha....Phiခေါ်နေတာမကြားဘူးလား"

"ကျွန်တော်တောင်းပန်ပါတယ် Phi Engfa "

"ခေါ်နေတာတောင်မကြားရအောင်စိတ်တွေဘယ်ရောက်နေတာလဲ nicha"

"ဘယ်မှမရောက်ပါဘူး Phiရယ်"

"လက်ကအခုထိဆေးမထည့်ရသေးဘူးလား"

"ဟုတ်တယ် Phi ကျွန်တော်အခုထည့်မလို့ပဲ"

"လာလာ Phiထည့်ပေးမယ်"

"ဟုတ်"

Engfaလဲnichaရဲ့လက်ကိုဆွဲပြီး ဧည့်ခန်းကဆိုဖာပေါ်ထိုင်ခိုင်းလိုက်ပြီး ဆေးသတ္တာဘူးလေးကိုရှာ ရှာတွေ့တော့ယူပြီး nichaရဲ့လက်ကိုဆေးထည့်ပေးသည်။

"ping pingနဲ့ကဘယ်လိုဖြစ်ကြတာလဲ ဆိုတာကိုPhiကိုပြောပြလို့ရမလားnicha"

"အဲ့တာက..............."

"Phiအခုလိုမေးရတာက nichaကိုPhiရဲ့မောင်အရင်းလေးလိုသဘောထားလို့နော် Phiတို့ကတဝမ်းကွဲတွေ ပြီးတော့ မိဘချင်းကသိပ်မတည့်တော့ ရင်း"နှီး"မနေခဲ့ရဘူး ဒါပေမယ့် Phiကတော့ ကိုယ့်မောင်လေးလိုပဲအကုန်လုံးကိုသဘောထားပြီး ချစ်ပေးဂရုစိုက်ပေးတယ် ကိုယ့်မောင်တွေဝမ်းနည်းရင်ပဲဖြစ်"ဝမ်းသာရင်ပဲဖြစ်" အတူတူဝေမျှခံစားပေးချင်တယ် မစဉ်းစားမဆုံးဖြတ်တက်တဲ့အရာတွေကိုလဲ Phiကိုပြောလို့ရတယ် Phiကဘယ်ဟာကအဆင်ပြေတယ်မပြေတယ်ဆိုတာကိုပြောပြပေးလို့ရတယ်နော် Phiကိုအမရင်းလိုသဘောထားရင်တော့ အခုဖြစ်နေတဲ့ကိစ္စအကုန်လုံးကိုပြောပြပါnicha မင်းပြောချင်မှပြောပါ Phiအရမ်းကြီးမတိုက်တွန်းပါဘူး မင်းအဆင်ပြေမှပေါ့"

ခက်ခဲကြမ်းတမ်းတဲ့ချစ်ခြင်းWhere stories live. Discover now