part.33

184 15 3
                                    

dunkတို့အိမ်ကိုပြန်ရောက်တော့ pingအခန်းဆီတန်းသွားတာပေါ့။dunkတစ်ယောက်ဒေါသထွက်နေသော်လဲ သူ့သူငယ်ချင်းကြောင့်ဒေါသကိုလျော့ပြီး အခန်းထဲဝင်သွားတော့ pingကအိပ်ပျော်နေလေသည်။dunkလဲpingကိုစောင်လေးကိုသေချာခြုံပေးပြီးအပြင်ထွက်ဖို့အလုပ်

"Meen...Meen...ပင်းငယ်ဆီပြန်လာခဲ့ပါMeenရယ် ပင်းငယ်ကိုထားမသွားပါနဲ့ Meen...Meen......"

pingတစ်ယောက်အိပ်ပျော်နေရင်း ယောင်ပြီးငိုနေလေသည်။dunkကတော့ကြည့်ရင်းဒေါသပိုထွက်လာလေသည်။အခန်းပြင်ကိုအမြန်ထွက်ပြီး nichaဆီထပ်ပြီးသွားဖို့တွတ် အောက်ထပ်ကိုဆင်းသွားခဲ့သည်။

"Dao....Dao......ဘယ်သွားဦးမလို့လဲ"

"P'Meenဆီ"

"ဘာသွားလုပ်ဦးမလို့လဲ Daoရယ်"

"Daoရဲ့သူငယ်ချင်းအခုလိုဖြစ်နေတာကို ဘယ်လိုမှမကြည့်နိုင်ဘူး Kluen P'Meen ကိုမရရအောင်သွားခေါ်မယ်"

"Daoအခုပဲအဲ့ကပြန်လာဝာာလေ P'Meen ကလဲပြောလိုက်တယ်မလား ဘယ်လိုပဲလုပ်လုပ်သူ pingဆီကိုပြန်လာမှာမဟုတ်တော့ဘူးလို့လေ"

"ဒါပေမယ့် ping...pingက.."

"Daoရယ် ပြန်မလာတော့တဲ့လူတစ်ယောက်ကိုဘာလို့များအပင်ပန်းခံပြီး သွားခေါ်မှာလဲ Daoပဲပင်ပန်းမှာပေါ့"

"ဒါပေမယ့် Kluen ရယ်...pingကိုလဲကြည့်ပါဦး"

"Kluenလဲpingကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရပါတယ် Daoရယ် ဒါပေမယ့်လဲ P'Meen ကပြတ်သားသွားပြီလေ ပြတ်သားသွားတဲ့လူတစ်ယောက်ကိုဘယ်လိုမှပြန်ပြီးခေါ်လို့ရမှာမဟုတ်ဘူး Dao P'Meen လဲသူလုပ်ချင်တာလုပ်ခွင့်ရှိတယ်လေ"

"pingကရော ဒီလိုကြီးပဲနေရတော့မှာလား အမြဲတမ်း ငိုနေပြီး ဘာမှလဲမလုပ်ဘာမှလဲမစားပဲနဲ့လေ"

"Daoရယ် အဲ့တာတော့ Daoကသေချာပြောပြပြီး သေချာနားဝင်အောင်လုပ်ပေးရမှာပေါ့ ping လဲနဂိုအတိုင်းပြန်ဖြစ်လာမှာပါ"

"အဲ့လိုဖြစ်ရင်တော့ကောင်းတာပေါ့ Kluen ရယ် ဒါပေမယ့် အခုဟာကလီယူတုန်းကလောက်မဟုတ်ပေမယ့် လီယူ့ကိုမေ့နိုင်ပြီး ပြတ်သားနိုင်သလောက် P'Meen ကိုတော့pingတစ်ယောက်မမေ့နိုင်လောက်ဘူး Kluen သူကP'Meenကိုအရမ်းချစ်ရှာတာ..."

ခက်ခဲကြမ်းတမ်းတဲ့ချစ်ခြင်းWhere stories live. Discover now