Diary:Extend-1

471 49 1
                                    

ရစ်ခီ-၉နှစ် ဂျီအွန်း-၁၅နှစ်

"ရစ်ခီသားလေး အိပ်ချင်နေပြီလား"

ကိုးရီးယားမြေကိုအခြေချပြီးပြီးချင်း မေမေတို့က သူ့သူငယ်ချင်းတို့အိမ်ကိုသွားလည်မယ်ဆိုကာရောက်လာခြင်းဖြစ်သည်။‌ရောက်ကတည်းက ငယ်သူငယ်ချင်းတွေနဲ့စကားကောင်းနေတဲ့မေမေနဲ့ဖေဖေက  ရစ်ခီရဲ့သမ်းဝေနေတဲ့ပုံကိုမြင်မှ ကျွန်တော့်အိပ်ချိန်ရောက်ပြီမှန်းသတိရသွားသည်။

"အယ် ၁၀နာရီတောင်ရှိပြီ ကလေးလဲအိပ်ချင်ရောပေါ့ သားအပေါ်ထပ်ညာဘက်ခြမ်းဒုတိယခန်းမှာ သားကိုကိုကို အန်တီအခန်းလိုက်ပြဖို့မှာထားတယ် အဲကိုတက်သွားလိုက်နော်"

မေ့မေ့ရဲ့သူငယ်ချင်းဖြစ်သူပြောလိုက်တော့ ရစ်ခီခေါင်းငြိမ့်ကာ အပေါ်ထပ်တက်လာခဲ့သည်။ခရီးပန်းလာတာကြောင့် မှိတ်ကျတော့မယ့်မျက်ခွံတွေကိုလက်နဲ့အတင်းပွတ်ပြီး လှေကားပေါ်တက်ရတာ တကယ့်ကိုခက်ခဲပင်ပန်းလှပါသည်။

"ဝှါး"

အပေါ်ထပ်ရောက်တော့ အပျင်းကြောဆန့်ရင်း ညာဘက်ခြမ်းကိုသွားဖို့စတင်လိုက်သည်။လေးလံနေတဲ့ခြေလှမ်းတွေကိုအားယူရင်း ဒုတိယမြောက်အခန်းကိုရောက်လာတော့ ဖွင့်ထားတဲ့တံခါးကြောင့် ရစ်ခီအံ့ဩမိသွားသည်။တံခါးပိတ်ထားရင်တံခါးခေါက်ရမှာသူသိပေမယ့် တံခါးဖွင့်ထားရင်တံခါးခေါက်ရမှာလား ဒီအတိုင်းပဲဝင်သွားရမှာလား မသိတာမလို့ အခန်းရှေ့မှာပဲအူလည်လည်လေးရပ်နေလိုက်မိသည်။

"အိုး ‌ရစ်ခီရောက်နေပြီပဲ"

စဉ်းစားခန်း‌ဝင်နေတုန်း ကြားလိုက်ရတဲ့အသံကြောင့် ရစ်ခီတစ်ကိုယ်လုံးတုန်တက်သွားသည်။အသံပိုင်ရှင်ကိုမော့ကြည့်လိုက်တော့ မျက်နှာထားတည်တည်နဲ့ အရပ်ရှည်ရှည်ခပ်ချောချောအကိုကြီးတစ်ယောက်။ရစ်ခီမားမားက ကိုရီးယားလူမျိုးဖြစ်တာကြောင့် ကိုရီယားစကားကိုကျွန်တော်အနည်းငယ်‌ပြောတတ်ရေးတတ်လို့သာ သူပြောတာကိုနားလည်နေသည်။

"ကိုကို့နာမည်က ကင်ဂျီအွန်း ရစ်ခီအိပ်ခန်းပြပေးမယ်နော်"

သူ့ကိုယ့်သူကိုကိုလို့မိတ်ဆက်လာပြီးအခန်းတံခါးပိတ်ကာ ရစ်ခီရှေ့ကထွက်သွားသည်။ကိုကို့နောက်ကို လိုက်သွားရပေမယ့် ကိုကို့ရဲ့အခန်းတံခါးလေးကိုတော့ ရစ်ခီနှမြောတသစွာနဲ့သမင်လည်ပြန် ပြန်ကြည့်လိုက်သည်။သန့်ရှင်းကြည်လင်မှုကို ကိုယ်စားပြုတဲ့အဖြူရောင်ကိုသုံးထားတဲ့အခန်းက တံခါးပေါက်ကနေတစ်စိတ်တစ်ပိုင်းလေးပဲမြင်လိုက်ရ‌တာတောင် နေချင်စဖွယ်အတိ။

Diary[Jiwoong × Ricky] Where stories live. Discover now