ဟာအိုဆီမှပြန်စာမရောက်လာတော့တာကြောင့် ရစ်ခီစာအုပ်လေးထုတ်ကာစာရေးဖို့ပြင်ဆင်လိုက်သည်။
Page 4 📄
[8.2.2021]'ကျွန်တော့်ရဲ့နှလုံးသားရေးရာကိစ္စကို ဟာအိုနဲ့ဆွေးနွေးကြည့်တော့ နောက်ဆုံးတော့အဖြေထွက်လာခဲ့တယ်။ကျွန်တော်ကကိုကို့ကို ချစ်နေမိတာတဲ့။'
'ကျွန်တော့်ချစ်တဲ့အကြောင်းကို ကိုကို့ကိုဖွင့်ပြောချင်မိသား။ကိုကိုနဲ့တောင်အကြည့်ချင်းမဆုံနိုင်တာ ကျွန်တော်ကဘယ်ကနေဖွင့်ပြောဖို့ သတ္တိရှိလာမှာလဲ။'
---
[8.3.2021]'ဖွင့်ပြောလိုက်ရင် ကိုကိုကရော ကျွန်တော်ကိုပြန်ကြိုက်မှာလား။ဒါမှမဟုတ် ကိုကိုနဲ့ကျွန်တော်က အနေဝေးသွားမလား။ကျွန်တော့်ရဲ့ အတ္တကြောင့် ကိုကိုစိတ်အနှောင့်အယှက်ဖြစ်သွားမလား။ဒီလိုဂယောင်ချောက်ခြားဖြစ်နေတဲ့အတွေးတွေကြောင့် အစပိုင်းတုန်းကပြောပြဖို့ ကြိုးစားခဲ့ပေမယ့် ကိုကိုဘေးနားမှာရပ်နေရရုံလေးတင်ကျေနပ်မိတာမလို့ ခံစားချက်တွေကိုရင်ထဲမှာသိမ်းထားဖို့ပဲ ဆုံးဖြတ်လိုက်တယ်။'
'အဲဒါကြောင့် ကိုကိုနဲ့ပက်သက်တဲ့ခံစားချက်တွေကို ကျွန်တော်သိသွားရုံကလွဲပြီး ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကပုံမှန်အတိုင်းပါပဲ။'
---
[20.5.21]'ကျွန့်တော့်ဆုတောင်းတွေကို နတ်သိကြားတွေ ကြားသွားတာဖြစ်မယ်။ဒီနှစ်လဲ ကျွန်တော့်ရဲ့မွေးနေ့ကို ကိုကိုနဲ့အတူတူဖြတ်သန်းဖြစ်တယ်။'
'ကိုကိုက ကျွန်တော်စတော်ဘယ်ရီကြိုက်တာသိနေတော့ မာဖလာကိုလည်း အသားရောင်နောက်ခံကိုမှ စတော်ဘယ်ရီသီးလေးတွေအလှဆင်ထားတာကို မွေးနေ့လက်ဆောင်ပေးတယ်လေ။ဒီနှစ်တော့ ကျွန်တော်ကိုယ်တိုင်ကိတ်မုန့်ဝယ်ပြီး ကိုကိုနဲ့အတူတူ မွေးနေ့သီချင်းလေးဆိုခဲ့တယ်။ကိုကို့ကိုကိတ်မုန့်တောင် ခွံ့ကျွေးလိုက်ရသေးတယ် ဟိဟိ။'
'ဒီလိုလေး နှစ်တိုင်းကျွန်တော့်ရဲ့မွေးနေ့ကို ကိုကိုနဲ့အတူတူဖြတ်သန်းချင်တာကလွဲပြီး အများကြီးမတောင်းဆိုပါဘူး။'
---
[23.9.21]'စာတွေကြောင့် stressပိနေတဲ့ ကိုကို့ကိုမြင်တော့ ကျွန်တော်ဝမ်းနည်းမိသွားတယ်။တက္ကသိုလ်နောက်ဆုံးနှစ်ဖြစ်တာကြောင့် ကိုကိုကစာတမ်းပြုစုရမှာတွေနဲ့ အိမ်နဲ့ကျောင်းကို အခေါက်ခေါက်အခါခါကူးရင်း ပင်ပန်းနေရတာလေ။'
'ဒီနေ့လဲဆိုဖာပေါ်မှာ မျက်လုံးမှိတ်ပြီး အနားယူနေတဲ့ကိုကို့နားသွားပြီး ကိုကို့မျက်မှန်ကိုချွတ်လိုက်ပြီး မျက်ကြောကိုနှိပ်ပေးလိုက်တယ်။ရုတ်တရက်လုပ်ပေးလိုက်တဲ့ အပြုအမူကြောင့် ကိုကိုစိတ်ရှုပ်သွားမလားဆိုပြီး ကျွန်တော်စိတ်ပူလိုက်ရသေးတာ။ဒါပေမယ့် မျက်လုံးလေးမှိတ်ပြီး ဘာမှမပြောတဲ့ကိုကို့ကြောင့် ကျွန်တော်ဆက်ပြီးတော့နှိပ်ပေးလိုက်တယ်။'
'စိတ်ချပါ ကိုကိုပင်ပန်းနေတဲ့အချိန်ကျွန်တော်အမြဲတမ်းဘေးနားရှိနေမှာပါ။'
---
[14.12.21]'ကိုကို့ရဲ့မွေးနေ့မှာလဲ ကျွန်တော်နဲ့ကိုကိုနှစ်ယောက်တည်းသာ။ဒီနှစ်လဲ မိဘမဲ့ဂေဟာသွားပြီး ကိုကိုနဲ့အတူမွေးနေ့အလှူလုပ်ပေးခဲ့တယ်။ကလေးတွေနဲ့ဆိုရင် အမြဲတမ်းကြင်နာတတ်တဲ့ကိုကို့ကိုမြင်တော့ ကျွန်တော်လဲကလေးလေးပြန်ဖြစ်ချင်သွားတယ်။'
'နှစ်တိုင်းကိုကိုရဲ့မွေးနေ့ကို ကျွန်တော်နဲ့အတူတူဖြတ်သန်းစေချင်တာကလွဲပြီး အများကြီးမတောင်းဆိုပါဘူး။'
ဒီနှစ်မှာလဲ ခရီးပန်းလာတဲ့ရစ်ခီက စာရေးပြီးပြီးချင်းစာအုပ်လေးကိုသိမ်းကာ အိပ်ယာပေါ်ဗုန်းခနဲပစ်လှဲလိုက်သည်။ထို့နောက်စောင်ကို တစ်ကိုယ်လုံးမြုပ်နေအောင်ခြုံလိုက်ပြီး အိပ်စက်လိုက်သည်။
---
Thank you for reading 💗
အဆင်ပြေရဲ့လား။ဇာတ်လမ်းလေးကတော့နည်းနည်းအေးတယ်နော်။
