ရစ်ခီ ၂၀နှစ် ဂျီအွန်း ၂၅နှစ်
အဆက်မပြတ်တုန်ခါနေတဲ့ဖုန်းသံကြောင့် ရစ်ခီစာသင်ခန်းထဲမှထွက်ကာ ဖုန်းကိုင်လိုက်သည်။
'ရစ်ခီ အီဂျောင်ကအော်ဇီသွားတော့မယ်တဲ့'
ဂျေးရဲ့အပြောကြောင့် ရစ်ခီအံ့ဩသွားရသည်။ရစ်ခီက အီဂျောင်နဲ့ပြဿနာဖြစ်ပြီကတည်းက အဆက်မရှိတော့တာ နှစ်ဝက်နီးပါးတောင်ရှိတော့မည်။
'အော်'
'အီဂျောင်ကမနက်ဖြန်သွားမှာတဲ့ မင်းကိုပါလေဆိပ်လိုက်ပို့စေချင်တယ်'
'အင်း မနက်ဖြန်က'
'ရစ်ခီ မင်းတို့နှစ်ယောက်ကြားမှာဘာပြဿနာတွေရှိခဲ့လဲငါမသိပေမယ့် အမြန်ဆုံးပြန်အဆင်ပြေသွားစေချင်တယ်'
'...'
'အဲတော့ လာခဲ့မယ်မလား'
'လေယာဉ်ကဘယ်အချိန်လဲ'
'မနက်၉နာရီ'
'ငါအားရင်လာခဲ့မယ်'
'စောင့်နေမယ်နော် ရစ်ခီ'
'အင်း ဒါပဲ'
ဖုန်းပြောအပြီးရစ်ခီက စာသင်ခန်းထဲပြန်ဝင်သွားလိုက်ပြီး ထုံးစံအတိုင်းနောက်ဆုံးတန်းမှာခေါင်းမှောက်ကာအိပ်နေလိုက်သည်။စာသင်ချိန်က နေ့လည်အထိပဲရှိတာကြောင့် သူ့သူငယ်ချင်းတွေကိုနှုတ်ဆက်ကာ အိမ်ပြန်သွားလိုက်သည်။
"အကိုလေးရစ်ခီမင်္ဂလာပါ နေ့လည်စာစားပြီးပြီလား"
"ဟုတ်ကဲ့အန်ကယ်မင်္ဂလာ ကျွန်တော်စားပြီးပါပြီ ဦးလေးရော"
အိမ်ရှေ့ရောက်ရောက်ချင်း ပင်ပန်းရေလောင်းနေတဲ့ဦးလေးဂျွန်က ရစ်ခီကိုနှုတ်ဆက်လေသည်။
"စားပြီးရောပေါ့ဗျာ ဒါပေမယ့်အကိုလေးဂျီအွန်းကတော့ မစားရသေးဘူးနဲ့တူတယ်"
"ဟုတ်ရဲ့လား မနေ့ကရော"
ရစ်ခီနာရီကိုကြည့်လိုက်တော့ နေ့လည်၂နာရီတောင်ထိုးနေပြီ။မနေ့ညကလည်း assignment လုပ်စရာရှိလို့ ရစ်ခီရဲ့သူငယ်ချင်းအိမ်မှာသွားအိပ်တာကြောင့် အိမ်မပြန်ဖြစ်ရာ ရောက်ရောက်ချင်းကြားလိုက်ရတဲ့စကားက သူ့ကိုအတော်ဝမ်းနည်းစေသည်။
![](https://img.wattpad.com/cover/341805767-288-k470384.jpg)