Diary[page 2]

340 49 3
                                    

Page 2 📄

[25.5.2019]

'ဒီနေ့ပိတ်ရက်မလို့ ကိုကိုနဲ့အတူထမင်းစားချင်လို့ ကိုကို့အခန်းရှေ့ကိုသွားဖြစ်တယ်။ဒါပေမယ့် အခန်းရှေ့ရောက်ရောက်ချင်း လူကဗိုက်နာသလိုခေါင်းနာသလိုတွေဖြစ်နေတာမလို့ အခန်းထဲပဲပြန်လှည့်လာခဲ့တယ်။‌နောက်ရက်ကျရင်ထပ်ကြိုးစားရမယ်။'

[27.5.2019]

'ရေး ဒီနေ့တော့ကိုကိုနဲ့ကျောင်းမသွားခင်မနက်စာအတူတူစားခဲ့တယ်။ကိုကိုကကျောင်းမသွားခင် ကျွန်တော့်ကိုနှုတ်ဆက်သွားသေးတယ်။ပျော်လိုက်တာ ဟီးဟီး ^ ^။'

---

ရစ်ခီအပျင်းကြောဆန့်ရင်း အံဆွဲထဲက
ပန်းရောင်ဒိုင်ယာရီလေးကိုထုတ်လိုက်သည်။သူအခုတလော ကျောင်းစာတွေပိနေတာကြောင့် ဒိုင်ယာရီမရေးဖြစ်တာကြာပြီဖြစ်ရာ ဒီနေ့တော့ အချိန်ပေးပြီးစာအများကြီးရေးရမည်။

[12.12.2019]

'တခြားသူတွေနဲ့ဆိုရင်အရိပ်အခြေမကြည့်တတ်ပေမယ့် ကိုကိုနဲ့နေလာတဲ့ ရှစ်လအတွင်းမှာ ကျွန်တော်ကိုကို့ရဲ့အပြုအမူသေးသေးလေးကအစ သတိထားတတ်နေပြီ။‌'

'ဥပမာပြောရမယ်ဆိုရင် ကိုကိုပျော်ရင် သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းလေးတွေကမသိမသာကော့တက်လာတာ၊ဝမ်းနည်းပြီဆိုရင် နှုတ်ခမ်းလေးကအနည်းငယ်မဲ့ကျသွားတာ၊ထိတ်လန့်သွားတဲ့အချိန်ကျရင် မျက်ဝန်းနက်နက်တွေမဆိုသလောက်လေးတုန်လှုပ်သွားပြီး လက်သီးခပ်ဖွဖွလေးဆုပ်နေတတ်တာ၊အံ့ဩသွားတဲ့အချိန်ကျရင် နှုတ်ခမ်းနှစ်လွှာက အနည်းငယ်ပွင့်ဟသွားတာ။'

'ကိုကိုကအမူအရာထိန်းထိန်းသိမ်းသိမ်းနေတတ်သူမို့ သူ့ရဲ့ပြောင်းလဲသွားတဲ့လှုပ်ရှားမှုတွေက စက္ကန့်အနည်းငယ်လျှပ်တပြတ်စာသာဖြစ်ပေမယ့် ကျွန်တော်ကတော့မျက်စိလျင်သူမို့ ကိုကို့ရဲ့လှုပ်ရှားမှုတွေကိုသတိထားမိတယ်။'

စာအများကြီးရေးလိုက်ရလို့ သူ့လက်ကိုခါလိုက်ပြီး အညောင်းအညာဖြေလိုက်သည်။ထို့နောက် စာအုပ်သိမ်းကာ ဖုန်းထုတ်ပြီးမကြာခင်ကျရောက်လာမယ့်ကိုကို့မွေးနေ့အတွက် ‌မွေးနေ့ကိတ်ပုံစံလေးရှာဖွေနေလိုက်သည်။

---

ရစ်ခီကိတ်မုန့်လေးကိုရေခဲသေတ္တာထဲထည့်ပြီးနောက် စာကြည့်စားပွဲဆီအပြေးသွားလိုက်သည်။သူရင်ခုန်လွန်းလို့ ညဘက်အထိမစောင့်တော့ပဲ ဒိုင်ယာရီစာအုပ်လေးကို လှန်လှောလိုက်သည်။

[13.12.2019]

'မနက်ဖြန်ကိုကို့မွေးနေ့အတွက် ကျန်းဟောင်နဲ့အတူတူ ကိတ်မုန့် 🍰ရယ် မီယောဂု 🍲 ရယ်လုပ်ဖြစ်တယ်'

'ဒီနေ့ည၁၂ထိုးရင် ကိုကို့အတွက်ကိတ်မုန့်လေးကိုsurpriseလုပ်ပေးဖို့ အခုကတည်းကရင်ခုန်နေပြီ။အဲဒီအချိန် ကိုကို့ရဲ့အမူအရာလေးက ဘယ်လိုဖြစ်သွားမလဲ ကျွန်တော်သိချင်နေပြီ။'

ရစ်ခီစိတ်လှုပ်ရှားနေတာကြောင့် ဘေးနားမှာပုံသေးသေးလေးတွေပါ‌ရေးဆွဲလိုက်သည်။

---
ရစ်ခီ့သူခံတွင်းထဲကျန်နေသေးတဲ့ ခပ်နွေးနွေးစတော်ဘယ်ရီလေးကိုအရသာခံရင်း လေချွန်ကာအံဆွဲထဲကစာအုပ်ကိုဆွဲထုတ်လိုက်သည်။အခုဆိုရင် သူပျော်လွန်းလို့ မြေကြီးနဲ့ခြေထောက်‌နဲ့တောင်မထိချင်။

[14.12.2019]

'မွေးနေ့မှာ ကိုကိုကကျွန်တော့်ကိုကိတ်မုန့်ခွံ့ကျွေးတယ်။ကို့ကို့ရဲ့အပြုအမူကြောင့် ကျွန်တော့်မျက်နှာလေးကနွေးကနဲ။'

'ပြီးတော့ ကိုကို့ကိုစိတ်မကောင်းဖြစ်အောင်လုပ်မိသွားသေးတယ်။ကိုကိုဝမ်းနည်းသွားတာမြင်‌တော့ကျွန်တော်လဲ စိတ်မကောင်းရပြန်ရော။'

'နောက်ပိုင်းကိုကိုပြန်ပြုံးလာမှကျွန်တော်လဲသက်ပြင်းချနိုင်တယ်။လူကစိတ်အေးသွားရပေမယ့် နှလုံးသားကတော့တုန်ယင်နေဆဲ။အဲဒါဘာဖြစ်တာ ကျွန်တော်အိပ်ရေးဝဝတော့အမြဲတမ်းအိပ်ပါတယ်လေ။'

'အာ ဒါနဲ့ ကိုကိုကရှက်ရင်လည်ပင်းကိုခပ်ဖွဖွလေးပွတ်တတ်တာပဲ။ကိုကို့အပြုအမူလေးက ချစ်ဖို့ကောင်းလိုက်တာ။'

ရစ်ခီစာအုပ်ကိုပိတ်ပြီး အိပ်ယာပေါ်မှာလှဲလျောင်းကာ ရှက်သွေးဖြာနေတဲ့အပျိုဖြန်းလေးလို ဖက်လုံးကိုအတင်းအကျပ်ဖက်ပြီး နားရွက်ချိတ်မတက်ပြုံးလိုက်မိသည်။ထို့နောက် ပူနွေးနေတဲ့မျက်နှာလေးကိုလျစ်လျူရှုကာ မျက်လုံးအတင်းမှိတ်ပြီး အိပ်ဖို့ကြိုးစားလိုက်သည်။

---

Thank you for reading 💗

Diary[Jiwoong × Ricky] Where stories live. Discover now