Page 6 📄
[11.2.23]'ဒီနေ့အီဂျောင်နဲ့တွေ့ပြီးပြန်လာတော့ အိမ်ထဲမှာကိုကို့ကို ကောင်လေးတစ်ယောက်နဲ့အတူတွေ့ခဲ့တယ်။အိမ်ကိုပထမဆုံးခေါ်လာတဲ့လူဖြစ်တာကြောင့် ကျွန်တော်လဲ သိချင်စိတ်တွေကြီးစိုးနေလို့မေးကြည့်လိုက်တော့ ကိုကို့ကသူ့ချစ်သူပါတဲ့။ကျွန်တော်ထင်သလောက်တော့ ဟိုရက်ကကိုကိုရဲ့ဖုန်းထဲကအသံပိုင်ရှင်နဲ့တူပါတယ်။'
'မညှိုးပန်းလေးကို တန်ဖိုးထားရတာမလို့ ငေးကြည့်နေရုံနဲ့တင်ကျေနပ်ပါပြီလို့ထင်ထားခဲ့ပေမယ့် တခြားသူကခူးယူသွားတဲ့အခါ ဝမ်းနည်းမိပါတယ်။'
ထိုနေ့ညက ရစ်ခီရဲ့အခန်းငယ်လေးမှာမျက်ရည်တွေအစား ဆေးလိပ်ငွေ့တွေကနေရာယူနေသည်။
---
[10.6.23]'ခုရက်ပိုင်းကိုကိုက သူ့ရဲ့ကိုယ်ပိုင်ပန်းချီပြပွဲအတွက်အလုပ်ရှုပ်နေတာကြောင့် အိမ်ကိုတောင်တစ်ခါတစ်လေမှပြန်လာဖြစ်တယ်။ကျွန်တော့်မွေးနေ့မှာတောင် ကိုကိုကမွေးနေ့ဆုတောင်းစာလေးပဲပို့ပေးခဲ့တယ်လေ။'
'မတွေ့ရတာကြာပြီဖြစ်တာကြောင့် ကိုကို့ပြခန်းကိုသွားကြည့်ခဲ့ပေမယ့် ကိုကိုနဲ့သူ့ချစ်သူကိုမြင်မိတော့ အထဲတောင်မဝင်နိုင်ပဲ အပေါက်ဝကနေလှည့်ပြန်ခဲ့ရတာအကြိမ်ကြိမ်။'
'လွန်ခဲ့တဲ့၁ပတ်ကပဲ ကိုကိုမိဘတွေ ကားaccidentကြောင့်ဆုံးပါးသွားခဲ့တော့ ကိုကို့ရဲ့မျက်နှာလေးကိုအနီးကပ်ပြန်တွေ့ဖြစ်တယ်။ကိုကို့ရဲ့ပုခုံးကိုလှမ်းကိုင်လိုက်တော့ ကိုကိုကကျွန်တော့်ရဲ့ပုခုံးပေါ်မှာ မျက်နှာအပ်ပြီးငိုကြွေးလာတယ်လေ။ကိုကို့ရဲ့ပြိုလဲနေတဲ့ပုံစံကို ပထမဆုံးမြင်ဖူးခဲ့တာကြောင့် ကျွန်တော်နှလုံးသားလေးလဲနာကျင်ရတယ်။စိတ်ချပါ ကိုကိုဝမ်းနည်းနေတဲ့အချိန်မှာကျွန်တော်ဘေးနားကနေ အမြဲရှိနေပေးမယ်။'
---
[18.9.23]'ကိုကို့ရဲ့နှလုံးသားလေးကိုကျွန်တော်မပိုင်ဆိုင်နိုင်တော့မှန်းသိသွားတဲ့အချိန်မှာ ကျွန်တော်ချစ်တဲ့အကြောင်းတွေကိုမပြောတော့ပဲ ကိုကို့ဘေးနားမှာပဲတိတ်ကလေးနေဖို့ဆုံးဖြတ်လိုက်တယ်။ကိုကိုကသူ့ကောင်လေးကိုတကယ်ချစ်တဲ့ပုံပါပဲ။ကိုကိုပျော်ရင်ကျွန်တော်ကျေနပ်ပါပြီလေ။'
ရစ်ခီကထုံးစံအတိုင်း ဆေးလိပ်ကိုကိုက်ခဲကာ ဆေးလိပ်ငွေ့တွေကိုရှိုက်ထုတ်လိုက်သည်။ဒါက သူ့ဝမ်းနည်းမှုတွေကိုဖုံးကွယ်ချင်တဲ့အခါ အသုံးပြုတဲ့နည်းလမ်းလေးတစ်ခုပင်။အချစ်ဆိုတာဘာလဲမသိခဲ့တဲ့ရစ်ခီဆိုတဲ့ကောင်လေးက အခုအချိန်မှာတော့ သူချစ်ရသူပျော်ရွှင်ဖို့သာအဓိကဆိုပြီးမှတ်ယူလိုက်ပါသည်။
---
[15.12.23]'ကိုကို့မွေးနေ့မှာ ကိုကိုနဲ့အတူဂေဟာကိုသွားချင်တယ်ဆိုတဲ့အကြောင်းဖွင့်ဟမိတော့ ကျွန်တော်နဲ့အတူဂေဟာကိုသွားခဲ့တယ်။ဆိုင်သူရှိပြီးသားလူတစ်ယောက်အတွက် ကျွန်တော့်တောင်းဆိုမှုက အနည်းငယ်မှားယွင်းနိုင်ပေမယ့် ကိုကိုနဲ့အတူမွေးနေ့ကိုကုန်ဆုံးချင်တာကြောင့် တစ်ကိုယ်ကောင်းဆန်စွာတောင်းဆိုဖြစ်ခဲ့တယ်။မနေ့က ကျွန်တော့်အတွက်တော့ အရမ်းကိုကြည်နူးစရာကောင်းခဲ့တာပေါ့။'
ရစ်ခီခပ်ရေးရေးပြုံးလိုက်ရင်း ဆေးလိပ်ဘူးတွေဆီကို ရောက်တော့မယ့်သူ့လက်တွေကိုတားဆီးလိုက်သည်။ဒီနေ့တော့ စတော်ဘယ်ရီဖျော်ရည်တစ်ခွက်သောက်ပြီး သူအိပ်ယာဝင်လိုက်သည်။
---
Thank you for reading 💗
Stay tuned for extend version.ဒါလေးကဒိုင်ယာရီရေးတာဆိုတော့ သာသာလဲရက်တွေထည့်ရေးလိုက်ရတာပါ။ရက်ထည့်ရေးလို့အဆင်ပြေတယ်မလား ဒါမှမဟုတ်ဖြုတ်လိုက်ရမလား။ဇာတ်လမ်းက ricky povဘက်ကနေဦးတည်ပြောတာဆိုပေမယ့် Jiwoong povနဲ့လဲ extra ရေးပေးပါ့မယ်နော်။မဟုတ်ရင် နောက်အပိုင်းတွေကျရှုပ်သွားမှာဆိုးလို့ပါ။
အရေးအသားအဆင်ပြေရဲ့လား။