ရစ်ခီ-၁၈နှစ်၊ဂျီအွန်း-၂၃နှစ်
တဂျီဂျီနဲ့တုန်ခါလာတဲ့ဖုန်းသံကြောင့် ရစ်ခီစိတ်ထဲ ကျစ်သတ်ဆုတ်မိသည်။ဘယ်လိုလူကများ ည၁၂နာရီကိုအလိုက်ကန်းဆိုးမသိဖုန်းဆက်ရတာလဲ။
"ရစ်ခီ ဖုန်းလာနေတယ် ကိုင်လိုက်လေ"
ဖုန်းသံကိုလျစ်လျူရှုရင်း ကိတ်မုန့်စိတ်လေးကိုပန်းကန်ပြားပေါ်တင်လိုက်တဲ့အချိန် ကိုကိုဆီမှစကားသံထွက်လာသည်။အဆက်မပြတ်တုန်ခါနေတဲ့ဖုန်းသံကကိုကို့ကိုစိတ်ရှုပ်စေပုံပဲ။ကိုကို့စကားဆိုအမြဲနားထောင်တဲ့ရစ်ခီက ခေါင်းလေးငြိမ့်ကာဖုန်းကိုင်လိုက်သည်။
"ဘာလဲ"
"ရစ်...ခီ...ငါ့ဆီလာခဲ့"
လေးပင်စွာထွက်ပေါ်လာတဲ့အသံကြောင့် ရစ်ခီဖုန်းcontactကိုပင် သူအမြင်မှားသလားတစ်ချက်ပြန်စစ်ရသည်။ဟုတ်ပါတယ် ကျန်းဟောင်ပါပဲ။
"ဟာအို"
ရစ်ခီလဲကိုကိုအမြင်မကြည်မှာစိုးတာကြောင့် ကိုကိုရှိရာနဲ့အနည်းငယ်ဝေးတဲ့နေရာကိုခပ်သုတ်သုတ်ထွက်သွားလိုက်သည်။
"ဘယ်မှာလဲ နောက်ကျနေပြီကိုအိမ်မပြန်သေးဘူးလား"
"ဟင့်အင်း ဒီကိုလာခဲ့ ZB1 clubမှာ"
"မလာဘူး ညဘက်ကြီးအပြင်ထွက်ရင် ဂျီအွန်းဟျွန်းမကြိုက်ဘူး ဒေါက်တာ့ကိုခေါ်လိုက်ပါလား"
"ဟီးးး သိ...လိုက်ပါပြီ...မင်းကလဲ ငါ့အပေါ်ကိုမခင်မှန်း အဲဒေါက်တာ..."
ငိုကြီးချက်မနဲ့သူ့ကိုပြောနေရင်း ဖုန်းကျသွားတာကြောင့် ရစ်ခီလန့်သွားရသည်။နောက်တစ်ခေါက်ထပ်ခေါ်ကြည့်တော့လဲ ဖုန်းဟာကိုင်သူမဲ့။ဟာအိုက ကလပ်မှာတစ်ယောက်တည်းရှိနေတဲ့အပြင် အသံအနေအထားအရအတော်မူးနေတာကြောင့် ရစ်ခီမှာသူရဲ့တစ်ဦးတည်းသောသူငယ်ချင်းလေးအတွက် အလွန်စိုးရိမ်သွားရသည်။
တံခါးပေါက်ရှိရာကို အမြန်ပြေးသွားပြီးတော့မှ ဖြတ်ခနဲမြင်လိုက်တဲ့ကိုကို့ရဲ့ပုံရိပ်ကြောင့်ခြေလှမ်းတွေတုံ့ခနဲရပ်တန့်သွားသည်။
"ဟျွန်း ကျွန်တော်ဟာအိုဆီခဏသွားမလို့ ညဘက်ကြီးအန္တရာယ်များတာသိပေမယ့် ဟာအိုကအဆင်မပြေတဲ့ပုံစံကြောင့်ပါ"
![](https://img.wattpad.com/cover/341805767-288-k470384.jpg)