Diary:Extend-4

302 43 6
                                    

ရစ်ခီ-၁၇နှစ် ဂျီအွန်း-၂၂နှစ်

"ဟာအို လူတစ်ယောက်ကိုတွေ့ရင် နှလုံးအရမ်းခုန်တာ အဲတာဘာဖြစ်တာလဲ"

အတန်းထဲမှာဆို ဟာအိုက အမြဲတမ်းအဆင့် ၁ရတဲ့ကျောင်းသားတစ်ယောက်ဖြစ်ပြီး ရစ်ခီကိုယ်တိုင်လည်း အဆင့် ၂-၅ဝင်တဲ့ကျောင်းသားတစ်ယောက်ဖြစ်တဲ့အပြင် နှစ်ယောက်စလုံးကလည်း ကိုရီးယားရောက် တရုတ်ကလေးတွေဖြစ်တာကြောင့် အချင်းချင်းဖေးမကူညီရင်း ဟာအိုက ရစ်ခီရဲ့တစ်ဦးတည်းသောသူငယ်ချင်းလေးဖြစ်လာခဲ့ပါသည်။ရစ်ခီစာမေးပွဲတွေနဲ့ အလုပ်ရှုပ်နေသောကြောင့် ဟာအိုနဲ့စကားမစပ်မိပဲဖြစ်နေရာ အခုစာမေးပွဲပြီးတဲ့အချိန်မှာတော့ တစ်နေ့‌တစ်နေ့ဆိုးလာတဲ့သူ့ရောဂါအကြောင်းကို ပြောပြလိုက်သည်။

စာဂျပိုးဟာအိုက သူ့မျက်မှန်လေးကိုပင့်တင်ကာ ရစ်ခီကိုကြည့်လာသည်။စာနဲ့စာသာသိတဲ့ ဟာအိုဆီကရလာမယ့် အဖြေကိုရစ်ခီသိပ်တော့မမျှော်လင့်မိ။ဒါပေမယ့် သူကိုယ်တိုင်လည်း စာနဲ့ကိုကိုသာသိတာမလို့ ဟာအို့ကိုပဲအပူကပ်ရတာလေ။

"အိပ်ရေးပျက်လို့များလား"

"မဖြစ်နိုင်ဘူး ငါကတစ်နေ့၈နာရီပြည့်အောင်အိပ်တယ်"

"အင်~~"

ဟာအိုက ဘောပင်ကိုစားပွဲနဲ့ခပ်ဖွဖွလေးခေါက်ကာ စဉ်းစားခန်းဝင်နေသည်။ပရောဟိတ်ကြီးလို တွေးတောနေတဲ့ ဟာအိုပုံစံကြောင့် ရစ်ခီမှာစိတ်လှုပ်ရှားကာ တံတွေးမျိုချမိသွားသည်။ခဏကြာတော့ဝမ်းနည်းနေတဲ့မျက်နှာနဲ့သူ့ကို ကြည့်လာတဲ့ဟာအို။

"ရစ်ခီ ငယ်ငယ်လေးပဲရှိသေးတာကို ဘယ်လိုဖြစ်ပြီး"

"ဘာလဲ"

"နှလုံးရောဂါ နှလုံးတွေအရမ်းခုန်ရင် နှလုံးရောဂါဖြစ်နိုင်တယ်"

"ဟာ ပေါက်ကရငါအခုမှငယ်ငယ်လေးပဲရှိသေးတာလေ"

"ရောဂါဆိုတာအသက်အရွယ်နဲ့မှမဆိုင်တာ အခုကတည်းကကုသရင်တော့ပျောက်မှာပါ"

သူ့ပုခုံးကိုပုတ်ကာ ပြောလိုက်တဲ့ဟာအိုကြောင့် မျက်လုံးပြူးသွားရသည်။ဟင့်အင်း မဖြစ်နိုင်ဘူး ကိုကိုနဲ့အချိန်အကြာကြီးနေရဦးမှာ။

Diary[Jiwoong × Ricky] Where stories live. Discover now