Diary[Page-7]

446 42 3
                                    

Page 7 📄
[28.12.24]

'အခုနောက်ပိုင်း ကိုကိုနဲ့ပက်သက်တဲ့အမှတ်တရတွေဟာ တစ်စတစ်စပိုမိုနည်းပါးလာခဲ့ပြီး သေးဖွဲ့သိမ်နုပ်တဲ့အကြောင်းအရာတွေပဲမလို့ တကူးတကကြီးဖွဲ့ဆိုရေးစရာမရှိတော့ဘူး။ဒါပေမယ့်လည်း ကိုကိုနဲ့ပက်သက်တာတွေကို ဒီနှစ်မကုန်ခင်ရေးသွားချင်လို့ ဒိုင်ယာရီလေးကိုပြန်ဖွင့်လိုက်တာ။'

'ဒီနှစ်ထဲမှာ ကျွန်တော်ကိုယ်တိုင်ကလဲ တက္ကသိုလ်ကျောင်းသားဖြစ်နေတော့ assignment တွေကြားအလုပ်ရှုပ်နေတဲ့အချိန်အိမ်မပြန်ဖြစ်ဘူး။ကိုကိုကလည်း ပန်းချီလောကမှာအနည်းငယ်အောင်မြင်နေသူမလို့ သူကိုယ်တိုင်လည်းအိမ်မှာမရှိတာများပါတယ်။ဘယ်အရာတွေက စတင်မှားယွင်းခဲ့လည်းမသိပေမယ့် ကိုကို့နဲ့ကျွန်တော့်ကြားမှာ အရင်ကလိုမဟုတ်ပဲဝေးကွားသွားသလိုပဲခံစားရတယ်။'

'ဒါပေမယ့် ဒီအကွာအဝေးကိုလည်းထပ်ပြီးနီးကပ်အောင်လို့ မကြိုးစားတော့ပါဘူး။ဘာလို့လဲဆိုတော့ မကြာခင်ရောက်လာတော့မယ့် ကိုကိုနဲ့ကိုကို့ကောင်လေးရဲ့လက်ထပ်ပွဲကြောင့် ပါးပါးတို့ဝယ်ထားတဲ့ကွန်ဒိုမှာပဲ ကျွန်တော်အပြီးပြောင်းနေတော့မယ်။'

'အခုအချိန်ထိ ကိုကို့နဲ့ပက်သက်ရင် ကျွန်တော့်ရဲ့နှလုံးသားလေးကစည်းချက်မညီ ကခုန်နေတုန်းပဲ။ကိုကိုနဲ့ထပ်မတွေ့ရရင်တော့ ကျွန်တော့်နှလုံးသားလေးကအနည်ထိုင်သွားမှာပါ။နာကျင်စရာ‌တွေတစ်ပွေ့တစ်ပိုက်နဲ့တစ်ဖက်သတ်အချစ်က ပင်ပန်းလွန်းတာကြောင့် ကိုကို့ကိုဆက်မချစ်မိတော့ဖို့ ကျွန်တော်ညတိုင်းတိုးတိုးလေးဆုတောင်းမိတယ်။'

"အဟွတ် အဟွတ်"
အဆက်မပြတ်ချောင်းဆိုးနေတာကြောင့်ရစ်ခီသူ့လက်ထဲက မီးငြိမ်း‌သွားတဲ့ဆေးလိပ်တိုလေးကို ဆေးလိပ်ပြာခွက်ထဲထည့်ကာ ဘေးမှာအသင့်ရှိနေတဲ့ ရေကိုခပ်ဖြည်းဖြည်းမော့သောက်လိုက်သည်။ချောင်းဆိုးတာရပ်သွားသည့်တိုင် သူအနည်းငယ်အသက်ရှူမဝလိုဖြစ်လာကြောင့် ‌ရေးလက်စကိုရပ်ကာ စာအုပ်ပိတ်ပြီး အိပ်ရာဝင်လိုက်သည်။အခုဆိုရင် ရစ်ခီက စတော်ဘယ်ရီတွေထက် ဆေးလိပ်ငွေ့‌တွေကို ပိုစွဲလမ်းသွားခဲ့ပြီ။

---

Stay tuned for extend version
And extra episode

Diary[Jiwoong × Ricky] Where stories live. Discover now