ရစ်ခီ-၁၆နှစ် ဂျီအွန်-၂၂နှစ်
"အာ ၅မိနစ်နောက်ကျသွားပြီ"
လက်ထဲကနာရီက ၈နာရီ၅မိနစ်ကိုညွှန်ပြနေတော့ ရစ်ခီမြန်မြန်သွက်သွက် အောက်ကိုဆင်းသွားလိုက်သည်။အချိန်တိကျတဲ့ ကိုကိုကသူ့ကိုငြိုငြင်တော့မှာပဲ။
"အာ ဂျီဝွန်းဟျွန်း နောက်ကျသွားတယ်"
"ရပါတယ်"
ကိုကိုက စိတ်ဆိုးပုံမရပဲ ရစ်ခီကိုအေးအေးဆေးဆေးသာပြန်ပြောလိုက်သည် ။
ကိုကိုနဲ့ပြန်တွေ့တော့ ငယ်ငယ်တုန်းကလိုမျိုး သူ့ကိုယ်သူ"ကိုကို"လို့ မဏ္ဍိုင်မတပ်တော့ပါ။အရင်တုန်းက ကိုကို့ရင်ဘက်နားလောက်မှာပဲရှိတဲ့ရစ်ခီက အခုဆိုရင်လူပျိုပေါက်အရွယ်ဖြစ်ပြီး ကိုကိုနဲ့တောင့် အရပ်ချင်းညီသွားပြီလေ။အရင်လိုကလေးမဟုတ်တော့တာကြောင့် ပြောင်းလဲသွားတဲ့အခေါ်အဝေါ်နဲ့ပက်သက်ပြီး ရစ်ခီနားလည်ပါသည်။
စားပွဲ ပါ်မှာရှိနေတဲ့ပေါင်မုန့်မီးကင်ကို မြိန်ရည်ရှက်ရည်စားသုံးရင်း တစ်ဖက်ခြမ်းက ကိုကို့ရဲ့အကြည့်တွေကို ရစ်ခီရှောင်ဖယ်လိုက်သည်။
"ရစ်ခီ ကျောင်းမသွားဘူးလား"
"ဟုတ်တယ်ဟျွန်း သူငယ်ချင်းနဲ့စာအတူတူလုပ်ဖို့ရှိလို့"
ကိုကိုကလေပြေအေးအေးလေးနဲ့မေးလာတော့ အနည်းငယ်လန့်သွားပေမယ့် ဟန်မပျက်ပြန်ဖြေလိုက်ရသည်။ကိုကို့ကိုတစ်ချက်ကြည့်လိုက်တော့ သူပြောတာကိုယုံသွားသည့်ပုံပင် အေးအေးလူလူမုန့်စားနေသည်။
"ဟူး"
ထိုအခါမှပဲ ကိုကိုမကြားအောင် သက်ပြင်းဖွဖွလေးချလိုက်မိသည်။တကယ်တော့ ကျောင်းပျက်ရတာတခြားကြောင့်မဟုတ်၊ကိုကိုရဲ့ မနက်ဖြန်မှာကျရောက်မယ့် မွေးနေ့ပွဲအတွက်ပြင်ဆင်မလို့ပင်ဖြစ်သည်။
"ရစ်ခီအဲတာဆိုဟျွန်း သွားပြီနော်"
"ဟုတ်ကဲ့"
ရစ်ခီလဲအေးအေးဆေးဆေးသာ ပြန်ဖြေလိုက်ရင်း မနက်စာစားနေလိုက်သည်။အိမ်ရှေ့ခန်းက*တီ*ဆိုတဲ့ တံခါးပိတ်သံကြားတော့မှ ဖုန်းအမြန်ထုတ်ပြီး သူငယ်ချင်းကို စာပို့လိုက်သည်။