Diary:Explain [Jiwoong] part2

101 7 2
                                    

"စီနီယာကင်ဂျီအွန်း"

သူ့ရှေ့ကိုရောက်နေတဲ့ကောင်လေးကြောင့် ဂျီအွန်းကြောက်လန့်တကြားအနောက်ကိုဆုတ်လိုက်သည်။

"အဖြေစဉ်းစားပြီးပြီလား"

လွန်ခဲ့တဲ့၃ရက်လောက်ကပူပူနွေးနွေးဖွင့်ပြောခံထားရတဲ့ဂျီအွန်းက သူ့ရှေ့ကဓားပြတိုက်သလိုအဖြေတောင်းနေတဲ့ဂျူနီယာလေးကိုလန့်လာသည်။ငြင်းဖို့သူလုပ်ခဲ့ပေမယ့် ချက်ချင်းအဖြေမပေးပါနဲ့ဆိုပြီးပျောက်သွားတဲ့ကောင်လေးက အခုမှသူ့ရှေ့ကိုပြန်ရောက်လာသည်။

"ငါမင်းကိုမကြိုက်ဘူး"

"ဟင့် ဟန်ဆောင်ပန်ဆောင်လေးတောင်မစဉ်းစားပေးတော့ဘူးလား"

"ဟင့်အင်း"

သူ့လက်ကိုလာကိုင်ပြီးခပ်ချွဲချွဲလေးပြောလာတဲ့မက်သရူးကို ဂျီအွန်းစိတ်ရှုပ်စွာတွန်းဖယ်လိုက်သည်။တက္ကသိုလ်ဆိုတာ စာသင်ဖို့ပဲ၊ရည်းစားထားဖို့မှမဟုတ်တာ။

"ဟယ်လို စီနီယာ"

"ဘယ်လိုဖြစ်ပြီးပေါ်လာပြန်တာလဲ ငါမင်းကိုမကြိုက်ဘူးလို့ပြောပြီးသားလေ"

မနေ့ကတင်သူငြင်းလိုက်တဲ့ကောင်လေးက သူ့ရှေ့ကိုပြန်ပေါ်လာတဲ့ဂျီအွန်းစိတ်ညစ်စွာစကားဆိုလိုက်သည်။ဒီလိုသူငြင်းလိုက်ပေမယ် သူ့အနားကိုပြန် ရောက်လာသူတွေကခဏခဏ။

"ဟာ ကျွန်တော်ကအဲလိုကြီးအတင်းလိုက်ကပ်တတ်တဲ့ပုံစံမဟုတ်ပါဘူး"

"..."

"ကျွန်တော်တို့ ကလပ်အတွက်အကိုပုံဆွဲပေးမယ်ပြောထားတယ်လေ"

ထိုအခါမှ လွန်ခဲ့တဲ့၂ပတ်ကMusic clubကနေ သူ့ကိုပုံဆွဲဖို့ငှားထားတာကိုဂျီအွန်းသတိရမိသွားသည်။အထင်လွဲသွားတဲ့အတွက် အရှေ့ကကောင်လေးကိုကြည့်ကာအားနာမိသွားသည်။

"စီနီယာ အတန်းချိန်ပြီးသွားပြီလား ကျွန်တော်နဲ့လိုက်ခဲ့လေ"

"အင်း"

---

"ဟား ဟား ဟား"

ဂျီအွန်း ပုံဆွဲနေရင်းတစ်ဖက်ကရယ်သံတွေကြောင့် အသံလာရာကိုလှည့်ကြည့်မိသည်။music clubအဖွဲဝင်‌တွေက ဟောသတွေပြောရင်းရယ်မောနေကြပုံပင်။ထိုအထဲကမှ ပုခုံးနှစ်ဖက်ကတသိမ့်သိမ့်တုန်ရင်းဗိုက်ကိုနှိပ်ကာရယ်မောနေသော ဆံပင်အညိုရောင်နဲ့ကောင်လေးက သူ့မျက်ဝန်းတွေကိုညှို့ယူနေသည်။ထိုကောင်လေးရဲ့အပြုံးက နေရောင်ခြည်လေးလို သာယာလှပကာနွေးထွေးမှုကိုပေးဆောင်နေသည်။ဖြတ်ခနဲလှည့်ကြည့်လာတဲ့ခေါင်းလုံးလုံးလေးကြောင့် ဂျီအွန်းဂယောင်ဂတန်းဖြင့်canvasပေါ်သို့အကြည့်ပို့လွှတ်လိုက်သည်။

Diary[Jiwoong × Ricky] Where stories live. Discover now