5လပိုင်း20ရက်2004ခုနှစ်မှာ ရှန်ပါးပါး နဲ့ ရှန်မားမားဆီမှ ရှန်ချွန်ရွှေ့ခေါ် ရစ်ခီ ဆိုတဲ့ကောင်လေးတစ်ယောက် မွေးဖွားသန့်စင်သည်။ထိုကလေးငယ်ဟာ ကံကောင်းခြင်းတွေယူဆောင်လာသည့်အလား ရစ်ခီလေးကိုမွေးဖွားပြီးချိန်မှစ၍ ရှန်မိသားစု၏စီးပွားရေးမှာတရှိန်ထိုးအောင်မြင်ကျော်ကြားလာခဲ့သည်။တစ်ဦးတည်းသောသားရတနာလေးဖြစ်တာကြောင့် ပါးပါးနဲ့မားမားရဲ့အချစ်တွေအားလုံးကို ရစ်ခီလေးလက်ခံရရှိခဲ့ပါသည်။ထိုကလေးငယ်က ကာတွန်းကားကြည့်ရတာ၊သီချင်းနားထောင်ရတာ၊စတော်ဘယ်ရီသီးစားရတာနဲ့ စာရေးရတာကို ခုံမင်နှစ်သက်ပါသည်။အသက်၅နှစ်အရွယ်မှစပြီး တွေ့ရာနေရာမှာ သူ့ရဲ့လက်တိုတိုတုတ်တုတ်လေးတွေနဲ့ ပုံလေးတွေဆွဲကာ မတောက်တခေါက်စာလေးတွေရေးတတ်ပါသည်။ထိုအရာကို အသည်းတယားယားဖြစ်နေတဲ့ ရှန်ပါးပါးနဲ့မားမားက ရစ်ခီလေးအတွက်စာအုပ်လေး၂အုပ်လက်ဆောင်ပေးလိုက်သည်။သူစာအုပ်ပေါ်မှာ စာရေးတာထက်ပုံဆွဲတာသာအဓိကပြုလုပ်ခဲ့သည်။ဒါပေမယ့် ရစ်ခီလေးအသက်နည်းနည်းကြီးလာတော့ အညိုရောင်စာအုပ်လေးထဲမှာ သူ့ရဲ့နေ့စဉ်ဘဝအကြောင်းကို တတ်သလောက် မှတ်သလောက်လေးရေးရှာသည်။သူ့ရဲ့ပန်းရောင်စာအုပ်လေးကိုတော့ အရေးကြီးတဲ့ကိစ္စတွေမှသာ ထုတ်ရေးဖို့ဆုံးဖြတ်လိုက်သည်။
ဒါပေမယ့် အသက် ၉နှစ်အရွယ်ရောက်တော့ ရစ်ခီလေး သူ့အံဆွဲဖွင့်ကာဒိုင်ယာရီစာအုပ်လေးယူလိုက်သည်။စတေကာသေးသေးပိစိလေးတွေနဲ့အလှဆင်ထားတဲ့ ပန်းရောင်ဒိုင်ယာရီစာအုပ်လေးကချစ်စဖွယ်အတိ။စာအုပ်အသစ်စက်လေးမှာ သူ့ရဲ့ခဲတံလေးကိုကိုင်ပြီး စာစရေးဖို့ပြင်ဆင်လိုက်သည်။ဒီနေ့ရက်စွဲနဲ့ စာမျက်နှာနံပါတ် ကိုတပ်ဖို့တော့ မမေ့မလျော့ပေါ့။
Page 1 📄
[8.5.2013]'ကိုးရီးယားသွားနေတဲ့၂ရက်အတွင်းဒိုင်ယာရီယူဖို့မေ့သွားခဲ့တယ်။ကိုးရီးယားရောက်တော့ အရမ်းချောတဲ့ကိုကိုတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်လေ။သူ့နာမည်က ကင်ဂျီအွန်းတဲ့။ငါ့ထက်တော့ ၆နှစ်ကြီးတယ်။ဒါပေမယ့် အရမ်းချောတယ်။'
'လူတစ်ယောက်ကိုချောတယ်လို့ချီးကျူးမိတာပထမဆုံးပဲ။ကိုကိုကအပြုံးလေးတွေလဲအရမ်းလှတယ်။ဒါပေမယ့် ရုပ်တည်ကြီးနေရင်လဲချောနေပြန်ရော။ငါကြီးလာရင် ဒီကိုကိုလိုချောလာရမယ်ကွ ဟိဟိ။'