Diary:Extend-3

299 40 4
                                    


ရစ်ခီ-၁၆နှစ် ဂျီအွန်း-၂၂နှစ်

"ဟျွန်းအခုထိပြန်မရောက်သေးဘူးလား"

ရစ်ခီ ၅နာရီလောက်ကတည်းကဇာတ်ကားကြည့်ရင်းစောင့်နေလိုက်တာ အခုဆို၁၀နာရီတောင်ထိုးနေပြီ။၅ခွဲလောက်ဆိုအချိန်မှန်ပြန်လာတတ်တဲ့ကိုကိုက တစ်ခုခုဖြစ်နေတာများလား။ညရောက်လာလေ စိုးရိမ်မှုရေချိန်အမှတ်တရိပ်ရိပ်မြင့်တက်လာလေဖြစ်ရာ ချက်ချင်းပင်ကိုကို့ကိုဖုန်းခေါ်လိုက်သည်။

"ဟယ်လို ဂျီအွန်းဟျွန်း"

"အာ တော်သေးတာပေါ့ ဘယ်သူ့ကိုဖုန်းဆက်ရမလဲမသိဘူးဖြစ်နေတာ ဂျီအွန်းကမူးနေလို့လာခေါ်ပေးလို့ရမလား"

"မူးနေတာ!!!လိပ်စာလေးကဘယ်မှာလဲ"

"ZB1 bar ***မှာ"

တစ်ဖက်ကပြန်ဖြေလာတဲ့လိပ်စာကိုအလွတ်မှတ်ပြီးဖုန်းချကာ ကားသော့ယူပြီးအ‌ပြေးထွက်သွားလိုက်သည်။

"အဟွတ်အဟွတ် အော် ဒီကားကလဲ"

၆လလောက်နီးပါးချောင်ထိုးထားတဲ့ ကားလေးဖြစ်လို့ ကားစက်နှစ်ခါလောက်နှိုးမှသာ ကားကစတင်ထွက်ခွာသည်။ကားပေါ်မှာရော ကားထဲမှာပါဖုန်တလိမ်းလိမ်းဖြစ်နေလို့ ကားမှန်ဖွင့်ထားလိုက်ရသည်။အသက်မပြည့်သေးဘူးဆိုပေမယ့်ကားမောင်းကျွမ်းတာကြောင့် ရစ်ခီခပ်တည်တည်ပဲကားယူမောင်းသွားလိုက်သည်။အကယ်၍ အဖမ်းခံရရင်လဲ အိမ်က‌လူတွေရှင်းပေးပေါ့ မဟုတ်ဘူးလား။

"ဟျွန်း"

ထောင့်ဆုံးဝိုင်းမှာ စားပွဲပေါ်မှာလက်တင်ပြီး မှောက်အိပ်နေတဲ့ကိုကို။ကိုကို့ပုံစံကိုမြင်တော့ နည်းနည်းတော့စိတ်ခုမိသွားသည်။မူးနေတဲ့လူကို တစ်ယောက်တည်းထားသွားရလား။

"ကျေးဇူးပါ"

Barကwaiterလေးရဲ့အကူအညီ‌နဲ့ ကိုကို့ကိုကားထဲလိုက်ပို့နိုင်ခဲ့သည်။အသက်ရှုသံမှန်မှန်နဲ့အိပ်ပျော်နေတဲ့ကိုကိုက သူခါးပတ်ပတ်ပေးတာကိုလဲ သိပုံမပေါ်။

"ဟျွန်း ဟျွန်း ထပါဦး"

အိမ်ရောက်တော့ မူးနေတဲ့ကိုကို့ကိုနှိုးကြည့်ပေမယ့် တုံ့ပြန်မှုတစ်စုံတစ်ရာမရှိတာကြောင့် ခါးပတ်ဖြုတ်ပေးလိုက်သည်။ထိုအခါအပြင်ဘက်ကိုယိုင်ကျလာတဲ့ခန္ဓာကိုယ်လေးကိုပြုတ်မကျသွားစေဖို့ ကိုကို့ခါးကိုအလျင်အမြန်ထိန်းကိုင်လိုက်တော့ ရစ်ခီ့ရင်ဘက်ပေါ်ကျလာတဲ့ ကိုကိုခေါင်းလေး။နီးကပ်‌လွန်းတဲ့အခြေအနေကြောင့် ရစ်ခီခန္ဓာကိုယ်ကသွေးတွေပြောင်းပြန်စီးဆင်းသွားသလိုပါပဲ။

Diary[Jiwoong × Ricky] Where stories live. Discover now