Diary[page 5]

277 39 2
                                    

ရစ်ခီတစ်ယောက် သူ့ခေါင်းကိုခပ်ပြင်းပြင်းနှိပ်နယ်လိုက်ပြီး စာကြည့်စားပွဲမှာသွားထိုင်နေလိုက်သည်။ကိစ္စတခုခုဖြစ်တိုင်းစာရေးတတ်တဲ့ကောင်လေးက သူ့စာအုပ်နှင့်ဘောပင်ကိုထုတ်ကာ စာရေးဖို့ပြင်ဆင်လိုက်သည်။

Page 5 📄
[21.5.2022]

'ဒီနှစ်မွေးနေ့မှာတော့ ကိုကို့ဆီကမွေးနေ့ဆုတောင်းနဲ့ မွေးနေ့ကိတ်မုန့်ရရှိခဲ့တယ်။ကိုကိုက ဘာလက်ဆောင်ပေးရမလဲမစဉ်းစားတတ်တော့လို့နဲ့တူပါတယ် ကျွန်တော်လိုချင်တာနောက်မှလိုက်ဝယ်ပေးမယ်လို့သာ ပြောရှာတယ်။ရပါတယ် ကိုကိုနဲ့အတူရှိနေရုံသာကျေနပ်ပြီမလို့ လက်ဆောင်တွေဘာတွေမလိုတော့ပါဘူး။'

'ဒါပေမယ့် အဖျက်သမားဟာအိုဖုန်းဆက်လာတာကြောင့် ကျွန်တော့်မွေးနေ့မှာ ကိုကိုနဲ့အကြာကြီးအချိန်မကုန်ဆုံး လိုက်ရဘူး။ဟာအို့ကောင်းမှုကြောင့် ကလပ်ကိုပထမဆုံးအကြိမ်ရောက်ဖူးသွားပြီး အိမ်ကိုဘယ်လိုပြန်ရောက်လာသလဲတောင်မမှတ်မိတော့ပါဘူး။'

'ကိုယ့်အခန်းကိုယ်ပြန်ရောက်နေပုံထောက်ရင် ကိုကိုသယ်လာတာပဲဖြစ်ရမယ်။ကိုယ့်အပြစ်နဲ့ကို‌ယ် ကိုကို့နဲ့မဆိုင်ရဲတာကြောင့် အခုထိအောက်မဆင်းရသေးဘူး။'

ဂွီခနဲမြည်လာတဲ့ဗိုက်ကြောင့် ရစ်ခီအတော်စိတ်ညစ်သွားသည်။ထို့နောက် တံတွေးမျိုချကာ အောက်ဆင်းဖို့ပြင်ဆင်လိုက်သည်။အိမ်ပေါ်နဲ့‌အိမ်အောက်ကိုဆင်းဖို့ကြောက်မိတာ သူ့ဘဝမှာဒါပထမဆုံးပဲ။

---
[30.5.22]

'ပါးနဲ့မား၁၈နှစ်ပြည့်‌မွေးနေ့လက်ဆောင်ပေးတဲ့gold cardနဲ့ကျွန်တော်လိုချင်တဲ့ပစ္စည်းတွေကိုဝယ်ထားတာ ဒီနေ့Lamborghiniတစ်စီးရောက်လာတယ်။'

'ဒါပေမယ့် ကိုကိုက အိမ်ရှေ့ကlamboကိုမြင်တော့ စိတ်ဆိုးသွားတဲ့ပုံပဲ။ကျောင်းက ဖတ်စာစာအုပ်ထဲမှာစိတ်ဆိုးတဲ့သူကို ဘယ်လိုချောရမလဲဆိုတာသင်ပေးခဲ့ရင်ကောင်းမယ်။အခုတော့ ကိုကိုဘာကြောင့်စိတ်ဆိုးသွားတာလဲမသိတဲ့အပြင် ကိုကို့ကိုဘယ်လိုချော့ရမလဲဆိုတာပါ ကျွန်တော်ကြံရာမရခဲ့။'

'ဒါမှမဟုတ် ကိုကိုကသူ့အတွက်ပါမဝယ်ပေးလို့များလား။'

---
[31.5.22]

'အား...ဒီနေ့လဲ ထပ်စိတ်ဆိုးသွားပြန်ပြီ။ကိုကို့နှုတ်ကမထွက်လာရင် ကိုကိုဘာလို့စိတ်ဆိုးလဲဆိုတာကျွန်တော်သိတော့မယ်မထင်ဘူး။'

---
ရစ်ခီတစ်ယောက် သက်ပြင်းချရင်း စာအုပ်လေးကိုဖွင့်ဟလိုက်သည်။မျှော်နေတဲ့ တစ်ယောက်သောသူကအခုအချိန်ထိမပေါ်လာသေးတာကြောင့် သူ့နှလုံးသားလေးတစစ်စစ်နာကျင်လာသည်။

[24.9.22]

'ကိုကိုဒီနေ့မနက် ဖုန်းတစ်ဖက်ခြမ်းကလူကို တုံ့ပြန်လိုက်တဲ့အမူအရာတွေက နွေးထွေးမှုအပြည့်နဲ့အရမ်းအသက်ဝင်နေခဲ့တယ်။ကျွန်တော့်ကိုတောင်တစ်ခါမှမပေးကမ်းခဲ့ဖူးတဲ့အပြုံးနုနုတွေကို ကိုကိုကတခြားသူတစ်ယောက်ကိုစွန့်ကြဲနေတာမြင်ရတော့ ကျွန်တော်ဝမ်းနည်းသွားခဲ့ရတာအမှန်ပင်။'

'ကျွန်တော်ကကိုကို့ရဲ့ဆိုင်သူမဟုတ်တာကြောင့် ဘေးနားမှာဆိတ်ဆိတ်နေရုံကလွဲပြီးဘာတတ်နိုင်မှာလဲ။ပိုင်ဆိုင်ဖို့ကြိုးစားချင်ပေမယ့် လက်လှမ်းဖို့တောင်ကြောက်ရွံ့နေတဲ့ကိုယ်ကိုကိုယ်လဲစိတ်ပျက်မိပါတယ်။'

စာရေးနေရင်းအမြင်တွေဝေဝါးလာသောကြောင့် သူ့မျက်တောင်တွေကိုပိတ်ချလိုက်သည်။အထီးကျန်ညလေးမှာ သူ့နှုတ်ခမ်းပါးတွေတုန်ယင်လာပြီးခံစားချက်တွေမထိန်းချုပ်နိုင်စွာယိုဖိတ်စီးဆင်းလာရသည်။သို့ပေမယ့် တန်ဖိုးထားရသောစာအုပ်လေးဖြစ်တာကြောင့် အနည်းငယ်စွန်းထင်းသွားမှာကိုပင်မလိုလားသောရစ်ခီက သူ့ပါးပြင်ကမျက်ရည်တွေကို လက်ခုံနဲ့ခပ်ကြမ်းကြမ်းဖိသုတ်လိုက်သည်။ထိုနေ့က စာအုပ်‌လေးကိုပင်ပြန်မသိမ်းနိုင်ပဲ အိပ်ယာထဲဝင်ခွေရင်းဝမ်းနည်းပက်လက်အိပ်ပျော်သွားခဲ့ရသည်။

---
[14.12.22]

'ကိုကို့နဲ့အတူတူကိတ်မုန့်ခွဲခဲ့ပေမယ့် မနက်ကျတော့ ကိုကိုကမိဘမဲ့ဂေဟာကို သူ့ရဲ့ရည်းစားဖြစ်တော့မယ့်ကောင်လေးနဲ့အတူသွားဖြစ်တယ်။'

'ကံကြမ္မာကဒီတစ်ခေါက်လဲ ကျွန်တော့်ကိုမျက်နှာသာမပေးပြန်ဘူး။'

နောက်ဆုံးလက်ကျန်ဆေးလိပ်ငွေ့ကိုခပ်ပြင်းပြင်းရှုထုတ်လိုက်ပြီး ‌မီးငြိမ်းသွားတဲ့တိုတိတိဆေးလိပ်ကလေးကို ဆေးလိပ်ပြာခွက်ထဲ ထည့်လိုက်သည်။အရွယ်‌ရောက်လာတဲ့ရစ်ခီက သူကိုယ်တိုင်ပင်သတိမထားမိပဲ စတော်ဘယ်ရီတွေထက်ဆေးလိပ်တွေကိုတဖြည်းဖြည်းချင်းပိုမိုခုန်မင်လာခဲ့သည်။

---

Thank you for reading 💗
နောက်ရက်မှပဲ extendကိုတင်ပေးပါ့မယ်နော်။

Diary[Jiwoong × Ricky] Where stories live. Discover now