Diary[Page 3]

339 39 1
                                    

ရစ်ခီအံဆွဲဖွင့်ကာ သူ့ရဲ့ဒိုင်ယာရီလေးကိုတစ်လှည့်။ကိုကို့ပေးထားတဲ့ဒိုင်ယာရီလေးကိုတစ်လှည့်ကြည့်နေလိုက်သည်။‌နောက်ဆုံးတော့ ကိုကိုပေးတဲ့ဒိုင်ယာရီကိုပဲရွေးချယ်ကာ စာသားတွေကူးရေးလိုက်သည်။ထို့နောက် ပန်းရောင်စာအုပ်လေးကိုအံဆွဲထဲပြန်ထည့်ကာ တတိယမြောက်စာမျက်နှာရေးဖို့‌ပြင်ဆင်လိုက်သည်။

Page 3 📄
[20.5.2020]

'ကိုကိုကရိုမန့်တစ်မဆန်လိုက်တာ ကျွန်တော့်မွေးနေ့မှာပေး‌လိုက်တဲ့လက်ဆောင်ဘူးကလဲ ရိုးရိုးကြီး။ပြီးတော့ မွေးနေ့ကိတ်လေးတောင်မပါတဲ့အပြင် ပေးတဲ့မွေးနေ့လက်ဆောင်ကလဲ ကလေးကလားmy little ponyဒိုင်ယာရီစာအုပ်လေး။တကယ်ပါပဲ ကျွန်တော့်ကိုကလေးပေါက်စလေးလို့များထင်နေတာလား။ကျွန်တော်က ဒိုင်ယာရီရေးတတ်ပေမယ့် ဒီလိုစာအုပ်မျိုးမဟုတ်ဘူးလေ။'

'ဒါပေမယ့် ကိုကိုပေးတာမလို့ ကျွန်တော်တန်ဖိုးထားပါတယ်။အခုဆိုအရင်စာအုပ်နဲ့မရေးတော့ဘူး။ကိုကိုပေးတဲ့စာအုပ်နဲ့ပဲရေးတော့မယ်။'

ထို့နောက်အပျော်လွန်နေတဲ့ ရစ်ခီကဒိုင်ယာရီစာအုပ်လေးကိုပိုက်ကာ အိပ်ရာဝင်ခဲ့သည်။
---
[5.6.2020]

'ကိုကိုကတော်တော်လေးကိုတစ်သီးတစ်သန့်နေတတ်တဲ့သူပါ။အဲတာကြောင့်ပဲ ကိုကိုနဲ့အချိန်ကြာကြာနေရဖို့ ကျွန်တော့်ရဲ့ မရှိမဲ့ရှိမဲ့ညဏ်လေးနဲ့မနည်းစဉ်းစားနေရတယ်။'

'အခုနောက်ပိုင်းဆိုရင် ကိုကိုပြန်လာခါနီးအချိန်ကျ ကျွန်တော်ကိုယ်တိုင် အိမ်ရှေ့ခန်းမှာပဲဇာတ်ကားကြည့်ပြီးထွက်စောင့်နေလိုက်တယ်။ပြန်ရောက်တဲ့အချိန်ကျရင် ကိုကိုကကျွန်တော်ကြည့်နေတဲ့ဇာတ်ကားတွေကို သူစိတ်ဝင်စားရင်ဝင်ကြည့်တတ်တယ်‌လေ။ရည်းစားတစ်ခါမှမထားဘူးတဲ့ကိုကိုက အချစ်ဇာတ်လမ်းတွေကြည့်ရတာတော့သဘောကျတဲ့ပုံပဲ။အဲဒါကြောင့် အမြဲတမ်းလိုလို ကိုကိုသဘောကျလောက်မယ့်ဇာတ်လမ်းကို Netflix ကနေရွေးပြီးဖွင့်ထားလိုက်တယ်။'

---
ရစ်ခီတစ်ယောက်သူ့အတွေးတွေထဲမှာ ဂယောက်ဂယက်ဖြစ်ရင်း တဒိန်းဒိန်းခုန်နေတဲ့ရင်ဘက်ကို ဖိကပ်ထားလိုက်သည်။ထို့နောက် ခရမ်းရောင်စာအုပ်လေးကို အံဆွဲထဲမှထုတ်ယူလိုက်သည်။

[17.10.2020]

'မနေ့ညက ကိုကိုအရမ်းဆိုးတာပဲ။ပြီးတော့ အရက်မူးနေတဲ့ကိုကိုက မအူမလည်လေးနဲ့အရမ်းချစ်ဖို့ကောင်းတယ်။'

'ကျွန်‌တော့်ရင်ဘက်ပေါ်ကိုကျရောက်လာတဲ့ ကိုကို့ဆံပင်ကရှန်ပူနံ့လေးကြောင့် ဂယောင်ချောက်ခြားဖြစ်မိပြန်တယ်။ကိုကို့ခါးလေးကိုဖက်လိုက်ရတော့လဲ ကျွန်တော်ရင်တုန်ရပြန်‌ရော။နီးကပ်လွန်းတာကြောင့် ကိုကို့ရဲ့နူးညံ့တဲ့ကိုယ်သင်းနံ့လေးကို အခုထိအမှတ်ရမိသေးတယ်။'

'ပြီးတော့ အနီးကပ်မြင်ရတဲ့ ကိုကို့ရဲ့မျက်လုံး၊နှာခေါင်း၊နှုတ်ခမ်း အား.....ရေးနေရင်းတောင်‌ရင်တွေတုန်လာပြီ။'

မျက်နှာတစ်ခုလုံးပူတက်လာလို့ ဆက်မရေးတော့ပဲ စာအုပ်သိမ်းလိုက်သည်။မနက်ခင်းဖြစ်တာကြောင့် ဖယိုဖရဲဖြစ်နေတဲ့ ဆံပင်ကိုသပ်ရပ်အောင်လုပ်ပြီး ကျောင်းသွားရန်အတွက်စတင်ပြင်ဆင်လိုက်သည်။

---
[14.12.2022]

'ဒီနှစ်ကိုကို့မွေးနေ့မှာလဲ နှစ်ယောက်အတူတူဖြတ်သန်းဖြစ်တယ်။စိတ်ရင်းကောင်းတဲ့ကိုကိုက သူမိဘမဲ့ဂေဟာသွားရင်လိုက်ခဲ့မလားမေးတော့ ကျွန်တော်ချက်ချင်းပဲသဘောတူလိုက်တယ်။ဆိုးလ်က၃နာရီလောက်သွားရတဲ့မြို့ငယ်လေးတစ်မြို့မှာမိဘမဲ့ဂေဟာရှိနေတာလေ။'

'ကလေးချစ်တတ်တဲ့ကိုကိုက ကလေးတွေကိုပေါင်ပေါ်မှာထိုင်ခိုင်းပြီး လေပြေအေးအေးလေးနဲ့ပုံပြင်တွေဖတ်ပြခဲ့တယ်လေ။ကျွန်တော်ကတော့ ဘေးနားကငေးကြည့်ရုံကလွဲပြီးဘာလုပ်နိုင်မှာလဲ။ဒီလိုမြင်ရတော့ ကျွန်တော်လဲအသက်၉နှစ်အရွယ်ကလေးပြန်ဖြစ်သွားပြီး ကိုကို့ပေါင်ပေါ်မှာကြောင်လေးတစ်ကောင်လို ချွဲချင်သွားတာပေါ့ T T။'

'ကိုကိုနဲ့အတူရှိတဲ့အချိန်တိုင်းက တန်ဖိုးရှိပါတာကြောင့် ဒီခရီးကကျွန်တော့်အတွက်ပျော်ဖို့အကောင်းဆုံးပဲ။'

ခရီးပန်းလာတဲ့ရစ်ခီက စာရေးပြီးပြီးချင်းစာအုပ်လေးကိုသိမ်းကာ အိပ်ယာပေါ်ဗုန်းခနဲပစ်လှဲလိုက်သည်။ထို့နောက်စောင်ကို တစ်ကိုယ်လုံးမြုပ်‌နေအောင်ခြုံလိုက်ပြီး အိပ်စက်လိုက်သည်။အိမ်မက်ထဲမှာတော့ သူ့စိတ်ကူးထဲကအတိုင်း ကိုကို့ရင်ခွင်ထဲမှာကြောင်လေးတစ်ကောင်လိုကပ်ချွဲနေလေရဲ့။

---

Thank you for reading 💗

17.10မှာဘာဖြစ်ခဲ့တာလဲ🤭

Diary[Jiwoong × Ricky] Where stories live. Discover now