အပိုင်း ၁
ဦး တစ်ယောက်ကို အလိုရှိသည်။'' ဟဲ့ ဆူးရည် ''
''အော် ကောင်စုတ် ဖိုးခမ်း''
''နင်ကလည်း လေးလေးစိုးကော ဘယ်သွားလဲ''
''အဖေ ကားသွားပြောတယ်ဟဲ့ နင်နော်
ငါ့ကို အမြဲတမ်း အမီလိုက်တယ်''''နင်က အမှတ်ကောင်းနဲ့ ကောလိပ်ဝင်တာပါဟ
ငါကသာ ကပ်ဝင် ကပ်ဝင်''''မသိဘူး ဘယ်လိုဝင်ဝင် နင် ငါ့ကို
ကျော်တဲ့တစ်နေ့ နင့်ကို အိမ်က မောင်းထုတ်မယ်''''မလုပ်ပါနဲ့ ဆူးရည်ကလည်းဟာ
ဘာလဲ နင်နဲ့ ငထွန်းကိစ္စ လေးလေးစိုးကို
ပြောလိုက်ရမလားပြော''''ဟယ် ကောင်စုတ်''
''ဘာ ပြောမလို့လဲ ဖိုးခမ်းရ ဟေ''
''အော် ဘာမှမဟုတ်ပါဘူး လေးလေးစိုး
ဖေဖေက နေမကောင်းတော့ အဲ့တာ နက်ဖြန်
ကားမမောင်းနိုင်သေးလို့''''ဟေ အေး အခုပဲ ငါ့ညီ ကားကို
သွားပြောလာခဲ့တာ ရတယ် လိုက်တော့
လိုက်နိုင်တယ်မလား''''လိုက်နိုင်ပါတယ် လေးလေးစိုး၊ မောင်းဖို့သာ
အဆင်မပြေလို့ပါ''''အေးအေး မင်းလည်း နေကောင်းအောင်
နေအုံး ကြားလား''''ဟုတ်ကဲ့လေးလေး ဒါဆို အပင်တွေ
ရေလောင်းရေတင်ဖို့ ရှိသေးလို့
သွားအုံးမယ် လေးလေး''''ဟော တကယ့်ကောင်လေး''
''မြင်လား သမီးထက် ဖေဖေ ဖိုးခမ်းကို
ဖေဖေ သိပ်အလေးပေးတယ် သမီးပြောတယ်လေ
ကျူရှင်မထားလည်း အဲ့အကောင်က
စာတော်ပါတယ်ဆို အခုတော့ မြင်လား
သမီးနဲ့ ကောလိပ်အတူတူတက်ရတော့မယ်''''ဒီလိုတော့လည်း မကောင်းပေဘူးလားသမီးရယ်''
''မကောင်းဘူး မကောင်းဘူး သူက ဆူးရည်တို့
အိမ်က ကျွန် ကျွန်ဆိုတာ သူ့နေရာ သူသိရတယ်
ကျွန်ပါးဝပြီး တစ်နေ့ ပြန်ခံပက်လာမှ အဖေ
နောင်တ ရမယ်နော်''''အောင့်မလေး နွားရှေ့ထွန်ကျူး
ဖိုးခမ်းဆိုတာ ငယ်ငယ်လေးကတည်းက
အတူနေလာတာ သမီးကို ကျောင်းကြိုကျောင်းပို့
မြို့တက်စျေးဝယ်ကအစ သူတို့သားအဖကို
အားကိုးခဲ့ရတာကိုကွယ်''
BẠN ĐANG ĐỌC
Normal Fiction သီးသန့်
Truyện Ngắnအစအဆုံး Normalအချစ်ဇာတ်လမ်း သီးသန့်တွေ စုစည်းတင်သွားပေးပါမည်။ #ဦးငယ်