ဦးဒဿရင်ထဲက ဥဒေါင်းပျို💛 စဆုံး

1K 15 0
                                    

ဦးဒဿ ရင်ထဲက
ဥဒေါင်းပျို (စဆုံးဝတ္ထုတို)
:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:

အခန်း ၁

" မင်းကို ချစ်ခဲ့မိလို့ တောင်းပန်ပါတယ်
ဥဒေါင်းရယ် နော်။
အချစ်ဇာတ်လမ်းတစ်ပုဒ်မှာ ဒဿဟာ
ဗီလိန် ၊ အွန်း အခုတော့ ဦးလည်း
ဥဒေါင်းနဲ့ကြမှ ဗီလိန် မဖြစ်ချင်မှန်းမသိ
ဖြစ်မိခဲ့ပြန်တယ်။
ဦးကို ခွင့်လွှတ်ပါ ဥဒေါင်းရယ် နော်။

ဗီလိန်မဆန်သော ဒဿ "။

ဥဒေါင်းပျို သံတံခါးကို တွန်းဆွဲကာ
ဖတ်လျက်သား စာရွက်ကလေးကို ကိုင်
ကာ ပြေးထွက် ဝေ့ဝဲရှာမိသည်။ ခွေး
တစ်ကောင် ကြောင်တစ်မြှီးမျှ မရှိ။

ဖြစ်ရလေ ဦးဒဿရယ်......။
ရောက်လာခဲ့ရဲ့သားနဲ့။ အမှန်တော့လည်း
ဥဒေါင်းပျိုရဲ့ဘဝမှာတော့ ရှင်ဟာ ရာမမင်းသားပါ။

:-:-:-:-:🖤

အခန်း ၂

အတိတ်အချို့ဆီတုန်းက .........။

ကျောပိုးအိတ်ကို လွယ်ကာ
အဝေးပြေးကားပေါ် တက်ဖို့ ပြင်
နေသော ဒဿ။ ကားတံခါးဝတွင်
ပိတ်ကာ ရပ်နေသူက မိန်းကလေး
တစ်ယောက်။ ကားဆရာနှင့် အချေ
အတင် ပြောနေသည့်ပုံ။

" ဟူး ......၊ "
ဒဿ ဝမ်းဆာခံနိုင်သော်လည်း
နားပူမခံနိုင်။ကားသမားကို လက်
တို့ကာ ငွေရှင်းပေးလိုက်မိသည်။
မိန်းမလှခမြာ ကျေးဇူးတင်လိုသော
မျက်ဝန်းတွေနှင့်။ ဒဿ သဘော
မကျ။ မိန်းကလေး မျက်ဝန်းတွေက
လှလွန်းမသိ အလှဖိတ်တောက်နေ
သည်။ ထို့ကြောင့်ပင်။

"ကျေးဇူးပါ ဦး"
" လာ ဒီနားလာထိုင် တွေ့လား ဟိုမှာ"

ဒဿ မသိမသာ မျက်နှာရိပ် မျက်နှာကဲ
ပြမိသည်က အရိုင်းအစိုင်းအကောင်အချို့
ဆီ။ ဒဿဆိုတာ သည်နယ်သည်မြေအပိုင်း
တောလက်ရွာကလေးဘက် တာဝန်ကျခဲ့
သည်မှာ ကြာလေပြီ။ ထို့ကြောင့်လည်း
အကြောင်းသိပြီးသားမို့ သနားကမား မိန်းမ
ပျိုကလေးကို ကွယ်အုပ်ကာ ထားမိလိုက်
သည်။

"ဘယ်သူတွေလဲဟင်"
"နှာကန်တာ ငွေလုတာ
အကြမ်းဖက်တာ
လုပ်တဲ့သူတွေ"
"ရှင်"
"မင်းက သိပ်လှတယ် မိန်းကလေး၊
ပြီးတော့ ငါ့နှလုံးသားထဲကနေ သနားမိတယ်
ဒါကြောင့် ကူပေးတာ၊ ငါ လူတိုင်းကိုမကူပေး
ဖြစ်ဘူး စိတ်ချ အဲ့ကောင်တွေ ငါ့ကို
ကျေးဇူးမကန်းရဲပါဘူး"

Normal Fiction သီးသန့်Tempat cerita menjadi hidup. Temukan sekarang