မှော်ကမ္ဘာမျက်လှည့်💕စဆုံး

148 0 0
                                    

မှော်ကမ္ဘာမျက်လှည့် | ဦးငယ်

{ သဘာဝလွန် ဝတ္ထုတို ဖြစ်ပါသည်။ }

=|=|=

• အခန်း ၁

        တစ်ယောက်ထဲ လာခဲ့မိသည့် ကောင်လေး
  တစ်ယောက်။ သူ၏ ဘဝနောက်ကြောင်းကို ပြန်
  ဖြေရှာကြည့်သော်လည်း ဝဲလည်နေသော သံသရာ
  စက်ဝန်းအတွင်းက လာခဲ့ရလေသူ။

"အူငဲ……ငဲ…… အူငဲ……"

    ဤကား သူ၏ ကိုင်စွဲထားနေကြ လက်နက်
တစ်ခု။ ရင်ကို ရှိုက်လို့ ထွက်လာသည့် အသံ
အချို့။

" ခစ် ခစ် ခစ်ခစ် အဟီးဟိ "

   ဤသည်ကားလည်း သူ၏ ထမင်းစား လက်မှတ်။
သူ ဘာကြောင့် ဤသို့ဤနှယ် လုပ်နေမိသည် မသိ။
သေချာကတော့ လူဘဝတစ်ခု၏ အစအတွက် အငို
အရယ်က သူ့အတွက် ခိုကိုးရာ လက်နက်တစ်ခု
ဧကန် ဖြစ်ပေလိမ့်မည်။

        မိခင်ဝမ်းကနေ တစ်ယောက်ထဲ လာခဲ့ရာ
က အသက်ရွယ် တဖြည်းဖြည်းကြီးလာသည်အထိ
မိခင် ဖခင်ဆိုတာ သူ့အတွက် မရှိ။ ဂေဟာလေး
တစ်ခုမှာ ချစ်စဖွယ်ကောင်းအောင်နေထိုင်မိရင်း
နောက်ဆုံး မွေးစားမည့်သူကို မျှော်မိသော်လည်း……။

   ရွယ်တူ ကလေးတွေသာ တစ်သုတ်ပြီး တစ်
သုတ် ၊ တစ်ယောက်ပြီး တစ်ယောက် ပါသွားခဲ့
သည့်နောက် ကျန်နေရစ်ခဲ့သူက သူ တစ်ယောက်
သာ။ ထို့ကြောင့်လည်း တွင်ကျန်သည့် အမည်
နာမက 'မင်းကျန်' တဲ့။

  မင်းကျန်…… ။ ဟုတ်တယ် သူ့နာမည်က
မင်းကျန်။ လမ်းဘေးတစ်နေရာမှာ လွင့်ပစ်ခံ
ခဲ့ရာက မိဘမဲ့ကလေး ဖြစ်ခဲ့ရသူ။ ဂေဟာမှာ
ကျိုးကြားကျိုးကြား လာရောက်လည်ပတ်တတ်
သည့် သူတကာတို့ အချစ်နည်းသည့် မင်းကျန်။

   အမှန်တော့လည်း မင်းကျန်ဘဝကား
အထီးကျန်မှုနှင့်သာ စတင်ခဲ့သည်မို့…။

    ထူးဆန်းမှုတို့ အလည်အပတ်ရောက်လာပြီး
ပက်ပင်း မတိုးမိခင် သကာလ မင်းကျန် ဘဝ ဖြတ်
သန်းခဲ့မှုကား ဤသို့ဤနှယ် ဤပုံဟန်ပင်
တည်း။

=|=|=• အခန်း ၂

      မင်းကျန်တစ်ယောက် ဂေဟာက ပြေးထွက်
လာခဲ့သည်မှာ ကြာခဲ့လေပြီ။ လက်ထဲတွင်လည်း
ပန်းကုံးအချို့။ မနက်တခင်းလုံး သူ့အတွက် မအား
မလပ်။ လက်ဖျံကလေးထက် ပန်းရနံ့တို့ သင်းနေ
တတ်သလို သတင်းစာအချို့ကလည်း ရံဖန်ရံခါ ရှိ
တတ်သေးသည်။

Normal Fiction သီးသန့်حيث تعيش القصص. اكتشف الآن