အနမ်းတစ်ပွင့်မှ ပေါက်ဖွားသော😘စဆုံး

257 4 0
                                    

အနမ်းတစ်ပွင့်မှ ပေါက်ဖွားသော💏

ဇိုင်းကမ္ဘာမြတ်ခန့် & ယွန်းအိနြ္ဒာနတ်မိမယ်

ရေးသူ ဦးငယ်
   (မူရင်းစာမူ - Saung*my reader)
=-=-=-=-=-=-=-=-=-=-=-=-=-=-=

အခန်း တစ်

  
        အိပ်စက်နေလေသော မိန်းမငယ်လေး
ကား နေရောင်ခြည် နွေးငွေ့ငွေ့ကလေးအောက်
ပါးဖောင်းအိအိကလေးတို့ဖြင့် ချစ်စဖွယ်အတိ။

   " ယွန်းရေ ဒေါ်ယွန်းအိနြ္ဒာနတ်မိမယ်ရေ"

  ဟော ကြားရပါလေပြီ။ ဒီအသံက ယွန်းကို
နိူးနေကြဖြစ်လေသော တစ်ဦးတည်းသော
အပျိုကြီး ဒေါ်လေးနှင်းတစ်ခက်၏ နှိုးဆော်သံ။

   " မိဖုရားတော်လေး မြန်မြန်ဆင်းခဲ့နော်
ကျောင်းသွားဖို့ဒီမှာ ညည်း ကိုကို ရောက်နေ
ပြီ"

  " ဒေါ် ဒေါ်လေး နေပါစေ ဒေါ်လေးလုပ်စရာ
ရှိတာ လုပ်ပါ၊ ကျွန်တော် ယွန်းအတွက် ပြင်ပေး
ဆင်ပေးလိုက်ပါမယ် "

   ဇိုင်းကမ္ဘာမြတ်ခန့်၏ အပြော မဆုံးလိုက်။
ဒေါ်လေးအရိပ်ကလေး အနားက ပျောက်သွား
လုလု လှေကားထက်က အိပ်မှုန်စုံမွှား နှိုးလာ၍
ဆင်းလာပြီဖြစ်သော ယွန်း။ ယွန်းအိနြ္ဒာနတ်မိမယ်။

  နာမည်လေးလို လှရက်လွန်းလေသူ။ ဆံနွယ်
တို့ကို ကုပ်ဖွထားသော်လည်း အပြာနု ရင်ဖုံး
ထဘီဝမ်းဆက်ကလေးနှင့် လှသွေးကြွယ်နေ
လေသော သူ။

  " ယွန်း ဟာကွာ ခေါင်းစုတ်ဖွားနဲ့ "
"ခေါင်းယားလို့ဟာ ဘာရှိလဲ"
"ဟာ သေချာကြည့်ကြပ် ဆင်းလာစမ်းပါဟ
ပြုတ်ကျရင် ထူမပေးဘူးနော်"

"ကိုကိုနော် ဒေါ်ဒေါ်ရေ ဒေါ်ဒေါ် ဒီမှာ
ကိုကို ယွန်းလှေကားပေါ်က ပြုတ်ကျရင်
ထူမပေးဘူးတဲ့……"

"ဟာ ဟာ အမွှေစိန်မလေး ရှူးတိုးတိုးလေ
ဟိုဘက်က မေမေတို့ကြားမှ ကိုကို့ မုန့်ဖိုး
ဖြတ်ခံထိနေပါ့မယ်"

  " တိုင်မှာပဲ ဘာဖြစ်လဲ သူများကိုမှ
မကြင်နာချင်တာဟာ ဘာရှိလဲလို့"

"ဖွင့်ကြည့်ပါ့လား"
"ကိုကိုနော်"
"ကိုကိုနော် မနေတော့နဲ့ အတန်းနောက်ကျ
မယ် လုပ်သွားစို့ စား မြန်မြန်"
"ကိုကိုကေရာ"
"အိမ်က စားလာခဲ့ပြီ"

Normal Fiction သီးသန့်Nơi câu chuyện tồn tại. Hãy khám phá bây giờ