[အပိုင်း ၁]
အညတရပန်းကလေး
(အခန်း ၁)ဝေစန္ဒာလရထားကြီးက အလုပ်တာဝန်အချို့ကို
တစ်စခန်းရပ်ပြီးသည့်နောက် နေသူရိန်မင်းသားကား
နုပျိုလန်းဆန်းကာဖြင့် လောကအတွက် အလင်းနုနု
အရုဏ်ဦးအလှကို ဖန်ဆင်းကာ မာန်ချီချီဝင့်လျက်
ရှိလေပြီ။"ဟောဒီက အကြော်သည်လေ
အကြော်""ဗယာကြော် ဘူးသီးကြော်ပူပူလေး"
အို.... မြီးကောင်ပေါက်စ အပျိုလေးတစ်ယောက်
သူရိန်နေမင်းအလှကိုတောင် ခံစားဖို့ မစောင့်နိုင်ဘဲ
ဘဝတိုက်ပွဲအတွက် ဝမ်းရေးလှစေဖို့ စောစောစီးစီး
အကြော်လေးတွေ အော်ဟစ်ရောင်းနေပါပေါ့လား။အကြော်သည်လေးက ဆံပင်တိုတိုကပ်ကပ်၊
မျက်နှာလေးက ဖွေးဖွေးလေးပေမဲ့ မှုံနံ့သာ
တစ်စက်မျှမရှိတော့ ညစ်ထေးထေး။ ကိုယ်ဟန်
အနေအထားလေးက ပျိုဖော်ဝင်စကလေးမို့
ဖွံ့ဖြိုးဖို့ မာန်ဟုန်ဝင့်နေခါစ ပန်းဖူးလေးသဖွယ်။
ထဘီလေးတိုတိုဝတ်ကာ အင်္ကျီနွမ်းနွမ်းလေးကို
ဖြစ်သလိုဝတ်ထားလေသူ။အကြော်အော်ရောင်းရသည် ရိပ်အတွက် သည်နေ့တော့ အာသီသရှိလွန်းနေသည်။ စာမေးပွဲလည်း ဖြေပြီး
ပြီဖြစ်သောကြောင့် စာလည်း စျေးရောင်းရင်း ကျက်စရာလည်း မလိုတော့။သည်နေ့တော့ ပေါ့ပေါ့ပါးပါးမို့ ရိပ် အရမ်းပျော်မိသည်။
အော်.... ရိပ်ဆိုတာ အေးရိပ်ချို လို့ခေါ်တဲ့
ကျွန်မကိုခေါ်တာပါရှင်။ကျွန်မဆိုတာကလည်း အသက်က ၁၄နှစ်၊ အဌမတန်းစာမေးပွဲကို မနေ့ကဘဲ ဖြေဆိုထားလေသူ။
မေမေက အကြော် ကြော်ပေးတယ်။
ကျွန်မကရောင်းတယ်။ ဖေဖေကကော……။ဟင်... ဖေဖေ ဟုတ်လား ဖေဖေက ကျွန်မတို့ကို
ထားရစ်ခဲ့တာ ကြာပါပြီရှင်။ ဖေဖေက ဒီကမ္ဘာမှာ ရိပ်ဆိုတဲ့ကျွန်မအတွက်တော့ တစ်ဦးတည်းသော
အချစ်ရဆုံး လူတစ်ယောက်ပေါ့…။မှတ်မိနေသေးတယ်။ အဲ့ဒီနေ့က ရိပ် စုံညီပွဲတော်
မှာ ဒုတိယတန်းအတွက် တတိယဆုလေးရတယ်လို့
ဆရာမကပြောတော့ အိမ်မြန်မြန်ပြန်ပြီး အဖေ့ကို
ပြေးပြောတာပေါ့။
أنت تقرأ
Normal Fiction သီးသန့်
القصة القصيرةအစအဆုံး Normalအချစ်ဇာတ်လမ်း သီးသန့်တွေ စုစည်းတင်သွားပေးပါမည်။ #ဦးငယ်