ခက်တယ် ကလေးရယ်
#ဦးငယ်
•••••••••••••••••••••••••••
အခန်း ၁
" အို အဟွန့် "
"ဟာ ဆောရီး အမိ"
"ဟွန် ကျွန်မနာမည် အမိမဟုတ်ဘူးရှင့်
မုမုလယ်တဲ့""အော် ဟုတ်ကဲ့"
"အဟိ"
"ဟာ ဟေး လှေကားကနေ ဒုန်းမဆင်း
နဲ့လေ ခြေချော်လဲမယ်ကွဲ့"ပြော၍မရ။ ဆံနွယ်လေးတွေ လွင့်ခါ
သွားသည့်တိုင်အောင် ခုန်လွှား ဆင်း
သွားသူလေး။ သေချာသည်။ မြို့ကြီးသူ
လေးသာ ဖြစ်ကောင်းဖြစ်မည်။"ဟော ဇေရှိန် ရောက်ပြီလားဟေ"
"တင်ပါ့ဘုရား ဖိုးချက်လာပြောလို့
လုပ်လက်စချပြီး လာခဲ့တာဘုရား""အကြောင်းကတော့ အထူးတဆန်း
မဟုတ်ဘူးဟေ နိုင်ငံရေးကာလ အဆင်မပြေ
တော့ ရွာဘက် လာနေတဲ့ ဘဘုန်းဆွေမျိုးအတွက်
လာနေမဲ့အကြောင်း ပြောမလို့""တင်ပါ့"
"ဒီရွာမှာတော့ အေးချမ်းတယ်ဆိုပေမဲ့
နောက်ဆိုရင်တော့ မပြောတတ်ဘူးဟေ
ဇေရှိန်ရေ ကူညီလိုက်ကွယ်နော""တင်ပါ့ အိမ်ဝိုင်းထဲက နှစ်ထပ်အိမ်တော့
ဟိုတလောက အဖေ့အမျိုးတွေလာတာနဲ့
နေသွားကြတာ အရန်သင့်တော့ ရှိတယ်
ဘုန်းဘုရား""ကောင်းတာပဲ ဟဲ့ လိုက်သာသွား"
လူစိမ်းသူစိမ်းတွေ ဖြစ်သည်နှင့်အညီ
တည်ကြည်သော သွင်ဟန်ဖြင့် ဇေရှိန်
နှုတ်ဆက်ရတော့သည်။" ရွာမှာတော့ အေးချမ်းတုန်းပဲဗျ
ဒီရွာမှာတော့ သီးသန့်ဥက္ကဋ္ဌဆိုတာမျိုးတော့
မရှိပါဘူး သစ်ပင်ပန်းမန်များတော့
အေးချမ်းပါတယ်""ဒါပဲ ပြောနေတယ် အမောင်ရယ်
ရပါတယ် ကျေးဇူးပါကွယ်၊ ကျုပ်ကတော့
ပြန်သွားမှာပါ သမီးနဲ့ ဇနီးကိုပဲ ဒီဆီ
လာထားခြင်းပါ""အော် ဟုတ်ပြီ ကျွန်တော့အိမ်မှာတော့
အဒေါ်ကြီးနဲ့အတူနေပါတယ် အဒေါ်လည်း
အဖော်ရတာပေါ့"စကားတွေက ပြောလေလေ ခင်မင်
စေလေ ဖြစ်သွားသည့်နောက် ဝက်သား
တုပ်ထိုးဆိုင်လေးရှေ့တွင် မျှော်ငေးနေ
သော ကောင်မလေး။
YOU ARE READING
Normal Fiction သီးသန့်
Short Storyအစအဆုံး Normalအချစ်ဇာတ်လမ်း သီးသန့်တွေ စုစည်းတင်သွားပေးပါမည်။ #ဦးငယ်