မျက်ရည်စက်တို့ကို နမ်းခွင့်ပေးပါ။ |စဆုံး (ဖြစ်ရပ်မှန်အချစ်ဇာတ်လမ်း)🌺

173 0 0
                                    

မျက်ရည်စက်တို့ကို
နမ်းခွင့်ပေးပါ…။

(ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်း)

…………………………………………………

    အပိုင်း ၁

    မုန်းတယ် သိပ်မုန်းတယ်။
    တစ်လောကလုံးကို မုန်းတယ်။

  အားနွဲ့တဲ့ မိန်းမသား တစ်ယောက်ဖြစ်အောင်
ချစ်ပေးခဲ့တဲ့ အဇိုးကိုလည်း မမ သိပ်မုန်း
တယ်။

   အဟင့် ဟင့်။

…………………………………………………အပိုင်း ၂

      " မေမေ ဖေဖေက ပြန်မလာတော့ဘူးလား"
"မုန်းသွေးလေးရယ် မမျှော်စမ်းပါနဲ့
ညည်းမှာ ဒီအမေတစ်ယောက်လုံး
ဒီလောက် ဂရုစိုက်နေတာ မလုံလောက်ဘူးလား
ပြောစမ်း "

"အဟင့် ဟင့် မေမေ ဆူတယ်
မုန်းကို မေမေဆူတယ်
မုန်း ဖေဖေ့ကို လွမ်းလို့ဟာကို
မုန်း လွမ်းတယ် လွမ်းတယ်
အခြားသူတွေရဲ့ အဖေတွေကို မြင်ရတိုင်း
မုန်း ဖေဖေ့ကို သိပ်တွေ့ချင်တယ်"

    နေ့တဓူဝ ကြားရပါသော ငိုသံ ဆူသံ။

     မမ ဟာ ကလေးနှစ်ယောက် အမေ။
ယောက်ျားသေလို့ ဆွံ့အ သွားခဲ့ရသည့်
နှလုံးသားမှ ရင်ခုန်သံတွေက ကောင်လေး
တစ်ယောက်ကြောင့် ရွှင်လန်းခဲ့သော်လည်း
အခုတော့ မမ ဟာ တစ်ကိုယ်တည်းသာ။

  ပထမတော့ မုဆိုးမ။ အခုတော့ တစ်ပူပေါ်
နှစ်ပူဆင့်ခံ တစ်ခုလပ်။

single mother တစ်ယောက်။

         " အဇိုးရယ်……၊ မိုးတွေ သိပ်ရွာနေတယ်
           ဒါတောင် မိုးနဲ့အတူ မင်း ဘာလို့
           ပြန်မလာရသလဲကွယ်၊
   
     အဇိုးပေးတဲ့ လွမ်းဒဏ်ရာတွေနဲ့ မမနှလုံးသား
    သိပ်နာကျင်နေသလို အဇိုးသမီးလေးလည်း
    သိပ်ငိုတယ် အဇိုးရယ် သလား၊

        အဇိုးပြန်လာခဲ့ပါနော် "။

  တီးတိုးရေရွတ်မှာသံတွေက ဖျပ်ခနဲ
လက်သွားသော လျှပ်ရောင်တို့ဖြင့်
ရောထွေးပါသွားနိုင်ကောင်းပါရဲ့။

အဇိုးထံသို့ လွမ်းသံနှောစာကို
ပေးပို့လိုက်ပါနော်။

…………………………………………………အပိုင်း ၃

Normal Fiction သီးသန့်Nơi câu chuyện tồn tại. Hãy khám phá bây giờ