မပြယ်သောနှောင်ကြိုးမျှင်✨စဆုံး

347 3 0
                                    

         🍂 မပြယ်သောနှောင်ကြိုးမျှင်

       ခင် တစ်ယောက် အဓိပတိလမ်းမကြီးထက်
    မြေခကြွေကျလွင့်စင်နေရှာသော ရော်ရွက်ဖန့်
    ကလေးတို့နှင့်အပြိုင် ကြေအက်ကွဲ၍ တဖြောက်
    ဖြောက် မြည်ကျလာသော မျက်ရည်စကလေးတို့
    ဖြင့် မဟာပထဝီမြေကြီးထံ ကြေကွဲမှုတို့အဖြစ် 
   စတေး   နေမိလေသည်။

  ငို၍ကျလာသော မျက်ရည်လား မုန်းလွန်း၍
အို……မုန်းမိ၍ကျလာတဲ့ မျက်ရည်လား ရှင် ။

      ခင် ကျလာသော မျက်ရည်ကို ရိုးမယ်ဖွဲ့ကာ
အပြစ်ဆိုနေမိလေသည်။ကြေကွဲမှုတို့ ဓားစာခံလုပ်
သောကြောင့် ကျလာသော မျက်ရည်စ ဟိုတစ်ဖြောက်
သည်တစ်ဖြောက်ကို ကြည့်ကာ ခင် မုန်းတီးစွာကြည့်
နေမိလေသည်။

   " နင် အရမ်း ရက်စက်တာပဲနော်
နင့်နှလုံးသားကို ဘာလို့များ ကျောက်
ဆစ်သားတို့နဲ့ ထုဆစ်ထားရတာလဲဟာ ဒီကမ္ဘာမှာ
ငါ့လောက်ကော ချစ်တတ်တဲ့ မိန်းမရှိပါ့ဦးမလား
နင် ပြောခဲ့တယ်လေ နင် မေးကလေး ငေါ့ကာ
ပြောခဲ့တယ်လေ ဟယ် ဘာတဲ့ အဟင်း ငါဟာ
နင့်ရဲ့ ကောင်မလေး ဆိုပြီး"။

   တွယ်တာရာမဲ့စွာ အပြုံးတစ်ချက်ဖြင့် ပျောက်ကွယ်
လုလု လူတစ်ယောက်ကို လှမ်းမျှော်ကြည့်ကာ ခင်
မတ်တပ်ကလေး ရပ်လိုက်မိလေသည်။လမ်းစပျောက်
သောစကားလုံးတို့၏အဆုံးမှာ ခင် အားကလေးယူ
ပြုံးကာ ရွှေဝါရောင် ရွက်ကြွေကလေးများအထက် လှမ်းလျှောက်နင်းဖြတ်ကာ မပြယ်သော အချစ်နှောင်
ကြိုးတစ်မျှင်ဖြင့် ပြန်လာခဲ့လေသည်။

    နှုတ်ခမ်းမှာလည်း ရီစစကလေးဖြစ်နေသလို
ခင့် နှလုံးသားတစ်နေရာတွေလည်း အသားမာ
တက်နေသော ဒဏ်ရာတို့နှင့် ပြုံးထေ့ထေ့ဖြစ်ကာ
နေသားကျနေခဲ့လေပြီ။ထို့ကြောင့် နာစရာစခန်းလေး
မှ တဆင့် ပျော်ရွှင်ဖွယ် ပေါသော အတိတ်ဆီသို့သာ။

           ခင် တစ်လှမ်းချင်းလျှောက် တစ်လုံးချင်း
ပြောကာ အရှိုင်းဆိုသော ကောင်ချောလေးအကြောင်း
ကို အတွေးထဲ ပြန်သန္ဓေတည်ကြည့်မိသည့်အခါ  နှလုံးသားကလေး ပြုံးလာရလေသည်။

   မှန်ပါသည်။ခင်သဇင်ဆိုသော ကောင်မလေးဆို
တာ ဇွဲရှိုင်းထက်ဆိုသည့်အရှိုင်းနှင့် ပတ်သတ်လာ
လျှင် ရီလိုက်ငိုလိုက်ဖြစ်နေသော အချစ်အရူးမလေး
တစ်ယောက်……။

Normal Fiction သီးသန့်Tempat cerita menjadi hidup. Temukan sekarang