ဦးကိုချစ်ပါ လုံမေခင်❤စဆုံး

1K 12 0
                                    

ဦးကို ချစ်ပါ လုံမေခင်ရယ်

အခန်း ၁

      "ဟဲလို ပြောပါခင်ဗျာ ကျွန်တော်
     ဦးစျာန်ဟိန်းခန့်ပါဗျ"

  မနက်အစောအစီး အတန်းမဝင်မီ
၁၀ မိနစ်အလို၊ မြည်လာသော ဖုန်း
ကို ကိုင်ထားမိတာက အထက်တန်း
ပြ ကျောင်းဆရာ။ ဦးစျာန်ဟိန်းခန့်။
သုံးဆယ်ပြည့်လုလုပေမယ့် ချောမော
ခန့်ညားမှုတွေနောက် ချစ်စဖွယ် နုပျို
မှုတွေက တရောတနှော ဖြည့်ဆည်းနေဆဲ။

  " ဒေါ်ဒေါ်ပါ ဒေါ်ဒေါ် မြမေလေ"
"ခင်ဗျာ ဟို ဒေါ်ဒေါ် လားရှိုးက မလား "
"အေးအေး သား မှတ်မိသေးတာပဲ"
"မှတ်မိတာပေါ့ဗျာ မှတ်မိတာပေါ့ ကျေးဇူးရှင်
တွေပဲဟာ"

"အေးကွယ် ဒေါ်ဒေါ် ဒုတိယအကြိမ်ထပ်ပြီး
သားကို အကူညီတောင်းချင်လို့၊ အချိန်လည်း
မရှိလို့ လိုရင်းကို ပြောမယ်ကွယ်"

"ဟုတ်ကဲ့ ဒေါ်ဒေါ် ပြောပါဗျ ကူညီမှာပေါ့"
"မင်း ဒေါ်ဒေါ် မြေးလေးကို သိတယ်မလား"
"ဗျာ ဟို အဲ့ဒါက"
"အော အော မေ့လို့ မင်း ရှိတုန်းက
မြေးမလေးမှအတူ မရှိသေးတာ ထားပါကွယ်
ဒေါ်ဒေါ်ပဲ ပြောတော့မယ်"

"ဟုတ်ကဲ့ ဒေါ်ဒေါ်"
"မင်းလေးလေး အပါအဝင် မြေးလေးမိဘတွေ
အက်ဆီးဒင့်ကြောင့် ဆေးရုံရောက်နေတယ်ကွယ်"

"ခင်ဗျာ"
"အခု ဒေါ်ဒေါ်လည်း ဆေးရုံမှာ
အွန်း မပြောလိုပေမယ့် ဒေါ်ဒေါ် မြေးလေး
အတွက် စိတ်မချလို့ အခုလို ကူညီခိုင်း
မလို့ပါကွယ်"

"ဟုတ်ကဲ့ ရင်ထိတ်စရာဗျာ ပြောပါ ဒေါ်ဒေါ်
ကောလိပ်တုန်းက ဒေါ်ဒေါ်တို့ ကျေးဇူးကြောင့်
သာ မဟုတ်ရင် ကျွန်တော် အခုလို နေရမှာ
မဟုတ်တာ"

" ဒီလိုကွယ် သားရယ် မြေးမလေးကို
သားတို့အိမ်မှာ ထားပြီး တစ်နှစ်ပဲ ကျန်တဲ့ ကျောင်းကို ဆက်တက်စေချင်တာပါ"

"ဟာ ဒါကတော့ ရတာပေါ့ ဒေါ်ဒေါ်ရယ်"

"အားနာပေမယ့် ကျေးဇူးကြွေး တောင်းတယ်
မမှတ်ပါနဲ့ကွယ်၊ မြေးလေးက မန္တလေးမှာ
တက်နေတာပါ၊ အင်း အခုဟာ စီးပွားရေးပါကျ
ပြီးတော့ မင်းလေးလေးပဲ ရှင်ကျန်တယ်လေ
အဟွတ် ဟွတ် မြေး မြေးလေး မိဘတွေကတော့
ညကပဲ ဆုံးသွားကြရှာပြီ"

Normal Fiction သီးသန့်Donde viven las historias. Descúbrelo ahora