လရောင်အောက်က နှင်းတစ်စက်💜စဆုံး

462 2 0
                                    

လရောင်အောက်က နှင်းတစ်စက်
ဦးခဝေ + နှင်းတစ်ဖြောက် + ဇော်ဟိတ်

=-=-=-=-=-=-=-=-=-=-=-=-=

အခန်း ၁

" တစ်ဖြောက် "
"နင် တကယ် ပြောနေတာလား ဟာ"
" အွန်း ငါတို့တွေ လမ်းခွဲရအောင် ဇော်ဟိတ် "

"အေးပါဟာ နင်က ငတုံးမပဲဟာ၊
ငွေမက်တော့ နင့်ကျွန်ဆီမှာ စံပျော်ပေါ့ဟာ
ငါ သွားပြီ "

  ဆိုင်ကယ်ကို တရှိန်ထိုး မောင်းသွားသော
ဇော်ဟိတ် ကို နှင်းတစ်ဖြောက် ကွဲပြားစွာ
မမြင်ရ။

    တွေဝေ ကြေကွဲစွာ မှုန်ဝါးဝါးအမြင်ဖြင့်
ရပ်ကြည့်နေခဲ့စဉ် အနားရောက်လာသော
လူတစ်ယောက်။

  ထိုလူ့နာမည်ကတော့ ဦးခဝေ။

ဒီလိုတွေသာ ဖြစ်မလာခဲ့လျှင်
အဘယ်မျှ ကောင်းလိုက်မလဲ
ချစ်ရတဲ့ ဇော်ဟိတ်ရယ် …… ၊

     ကြေကွဲစွာ တွေဝေရပ်နေသူကို ဦးခဝေ
ခေါင်းကလေးပုတ်ကာ အသိပေး နှစ်သိမ့်
အားပေးလိုက်မိသည်။ ထို့နောက် တစ်ဖြောက်
နှင့် မနီးမဝေး လမ်းလျှောက်ကာ ကားကလေး
ရှိရာ ခေါ်လာမိခဲ့သည်။

  " ခါးပတ် ပတ်ပေးမယ်နော် တစ်ဖြောက်လေး "
"ဟုတ်ကဲ့ ကျေးဇူးပါ ဦးခဝေ"
"အွန်း ……"

    ဦးခဝေ အနီးနားကပ်ကာ ခါးပတ်ကြိုး
ပတ်ပေးလာတော့ တစ်ဖြောက် ရင်မခုန်နိုင်
အား။ နှလုံးသားကလေးက အေးစက်နေ
လေပြီ။

လရောင်အောက်က နှင်းစက်ကလေးလို
အစဉ် မအေးမြနိုင်သည် ဖြစ်သောကြောင့်
အပူသည်မလေး ပါးမို့မို့လေးထက် ချစ်ရ
သူနှင့် လမ်းခွဲခဲ့ရပြီးနောက် သောကမျက်ရည်
လေး ဖြာဝေ လိမ့်ဆင်း ကျလာချေပြီ။

  " မငိုပါနဲ့ တစ်ဖြောက်ရယ် ………
   ဦးအနေနဲ့က ချစ်နေရုံ သက်သက်ပါ၊
   တစ်ဖြောက် ရင်ခုန်သံတွေကို သိမ်းပိုက်လို
   ခြင်း နှောင့်ယှက်လိုခြင်း မဟုတ်ပါဘူး ကွယ် "
" တစ်ဖြောက် သိပါတယ် ဦးခဝေ"

  " ဟင် "

  နှင်းတစ်ဖြောက် နမ်းလိုက်မိသော ဦးခဝေ
ပါးကလေးက ရှက်သွေးဥသွားလေသည်။
နမ်းသူက မမြင်နိုင်သော်လည်း ရင်ခုန်နေပါသည်
ဆိုကာမှ ပို၍ အံ့အားသင့်စေခဲ့သော
အချိန်အခိုက်အတံ့ကလေး။

Normal Fiction သီးသန့်Tempat cerita menjadi hidup. Temukan sekarang