•⚜️ ကျွန် ⚜️• /စဆုံး

308 0 0
                                    

•⚜️ ကျွန် ⚜️•

   ( ချစ်စံ • လေးသွဲ့ညင်း • ကြာငုံ • ရွှေထိုက်)
အစအဆုံးအချစ်ဇာတ်လမ်း NL version

⚜️•⚜️•⚜️•⚜️•⚜️•⚜️•⚜️•⚜️•⚜️

အပိုင်း ၁

    မောင်းနှင်နေသော ကားက ရှေ့ပင်
မရောက်လေရော့လား မသိ။ ဦးကိုဝင်း
ကားကို ကိုယ်တိုင်မောင်းရင်း ဒေါကန်
နေရလေသည်။ ရွာတောတန်းပင် မြင်နေ
သော်ငြား ဖြတ်နေခိုက် ရောက်လိုစိတ်က
ပြင်းလှလေပြီ။

      " တီ တီ ……"

  ဆိတ်တစ်အုပ်ကြား ဖြတ်ရစဉ်
ဟွန်းကို ဆက်တိုက် တီးခိုက်
ဆိတ်ကျောင်းသော ကောင်လေး
ကို မြင်သည်နှင့် ဦးကိုဝင်း အကြံ
ပေါ်သွားရလေသည်။

    " ကောင်လေး "
"ခင်ဗျာ ဘာလဲဗျ"
"လမ်း မေးချင်လို့ကွ"
"ဟုတ် မေးပါ "
"ခင်တန်းညို ရွာကလားကွဲ့ ကလေးက"
"ဟုတ်တယ် ဗျ"
"အဲ့ရွာက သုန်ဝတီဆိုတဲ့ အမျိုးသမီး
ရှိသေးလား သူ့ကို သိလား"

"မရှိတော့ဘူးဗျ"
"ဟေ"

အောင့်သက်သက် ဖြစ်သွားစေသော
ခံစားချက်။ ဆိတ်ကျောင်းသား ကောင်
လေးကို ဆက်၍ မမေးနိုင်တော့သည့်
တိုင်အောင် ရောက်လိုဇောတို့ ပျက်
ပြယ်ကုန်လေပြီ။ ဖုန်တောလမ်းထက်
ကားကို အရှိန်လျော့၍သာ တဖြည်းဖြည်း
မောင်းနှင်လာမိတော့လေသည်။ မေးမိ
ခဲ့သည်ပင် သူ၏ အမှားပေတည့်။

    ရွာလမ်းဝက ဝင်ခိုက် ပန်းသည်မလေး
  သုန်ဝတီကို သတိရမိသည်။ သေဆုံးခဲ့
  လေပြီတဲ့လားကွယ်။

" အေဖေရ"
" ကြာငုံ နိူးပြီလား အဟင်း"
"အို အဖေ ငိုထားတာလား"

  အိပ်မှုန်စုန်ဖွားဖြင့် ဖအေကို မျက်လုံး
ပွတ်သပ်ရင်း မေးလေသူ။ ကြာငုံလေး
ကတော့ မွေးစားသမီး။ သို့ရာတွင် သည်
ရွာလေးမှာ ကျန်ရစ်ခဲ့နိုင်သော ချစ်စံဆို
သော ကောင်လေးကတော့ သူ၏ သွေးသား
ရင်းချာပင်။ ရှာ၍ ပိုခက်လေတော့မည်။ မအေ
တစ်ခု သားတစ်ခု နေရင်း အမိမဲ့သည့်အခါ
သားဖြစ်သူလေး မည်သို့ နေသွားရှာမလဲမသိ။

   ဦးကိုဝင်း ကားကို ဆက်၍ မောင်းရင်း
သူငယ်ချင်းယောင်းရင်း မိတ်ဆွေအိမ်ဘက်
မောင်းလာခဲ့မိလေသည်။

Normal Fiction သီးသန့်Opowieści tętniące życiem. Odkryj je teraz