ရုပ်ဆိုးမလေးရဲ့ အချစ်ဦးပုံပြင်❤စဆုံး

971 23 0
                                    

ရုပ်ဆိုးမလေးရဲ့ အချစ်ဦးပုံပြင်
ဒေါင်းချို ၊ ရွှေရေးရေး

အပိုင်း ၁

''ဟဲ့ ကလေးမ အော် ဒါ ဘာလုပ်နေသလဲ''

''ဟင်''

ရေးရေး......
ပထမဆုံး ဦးနှင့် ဆုံခဲ့သည့်
အခိုက်အတန့်။ ရေးရေးဟာ
ငယ်ရွယ်သူ။

''လာ လာစမ်း အော် ကလေးနဲ့
ရေနစ်သေမှ ဟုတ်ပေ့ ဖြစ်နေမယ်''

   ဆယ်ကျော်သက်အရွယ် ရုပ်ဆိုးဆိုး
ကလေးမလေးကို ကြင်နာစိတ်ဖြင့်
ဆက်ဆံပြောဆိုသူမှာ သည် ဦးသာ
ဘဝမှာ ပထမဆုံးသာ။

''ရေချိုးမလို့လား လူကြီးတွေလည်း
မပါတာကို ဒီကလေးနှယ်၊
ဟေ ငိုထားတာပါ့လား ဘာဖြစ်လို့လဲ သမီး''

''သမီးသတ်သေမလို့ပါ''

''ဟေ ညည်းအသက်က ငယ်ငယ်လေးဟာ
လာ လာစမ်း နေအုံး ဒါလေးခြုံ
လာ လာ အိမ်ပြန်ပို့မယ်''

ရေးရေးလို ရုပ်ဆိုးမလေးကို မလိုလား
သည့် သည်လောကထဲ အသက်မရှင်
ချင်တော့သည်မှာ အမှန်ပင်။ သို့သော်
ထိုနေ့ကတော့ ဦးကို တွေ့လို့ အသက်တစ်သက်
ပြန်ရခဲ့သလိုပင်။ ဦး အိမ်ကို လိုက်ပို့ချိန်
မေမေတို့က ကျေးဇူးပင်မတင်။
ရွှေရေးရေး အရိုက်တောင် ခံလိုက်ရသေး
သည်။

နောက်တစ်နေ့။

''အို ဒီ သောက်ဘီးစုတ်က တစ်မျိုး ရှီး''

      အရေးထဲက ဘီးက ချိန်းကြိုးကျ။
သို့ရာတွင် အဆိုးထဲက အကောင်းပင်။
စာသင်ကျောင်းကို တွန်းသွားချိန်
ဆုံရသည်က ဦးနှင့်။

''ဟေး သမီးငယ် ဘာဖြစ်လို့တွန်းသွားတာလဲ
လမ်း ဒီလောက်ရှင်းနေတာကိုကွယ်''

''ချိန်းကျသွားလို့''

''ဟုတ်လား နေ နေ ဦး လုပ်ပေးမယ်''

     ဦးလက်တွေ ခြေတွေမှာက မဲဆီတွေ
ပေကျံနေသည်။ ဦးက ဘာအလုပ်
လုပ်သည့်သူမှန်း မပြောလည် သိနိုင်သည်။

''ရပြီ အားမှ ဦးဆီ လာခဲ့ ကြားလား
ချိန်းကြိုးက ရှည်နေတော့ ခဏ ခဏ
ကျလိမ့်မယ်၊ ဦး အလကား ပြင်ပေးမယ်
ပြင်တတ်တယ်''

''ကျေးဇူးတင်ပါတယ် ဦး''

''အေးအေး သွား သွားတော့''

Normal Fiction သီးသန့်Donde viven las historias. Descúbrelo ahora