ဦးဦးကို သိမ်း ချစ်မယ်
အပိုင်း ၁
''ဦးကို မချစ်စမ်းပါနဲ့ ညညရယ်''
''ညညမှာ ဘာအပြစ်ရှိလို့လဲ
ဦးဦးပဲ အမြဲပြောတယ်လေ
ညညသာ ကြီးလာရင် ဦးဦးကို
ညည လက်ထပ်ယူလို့ရတယ်ဆို''''အလိုလေး ခက်ပါကောလား ညညရာ
ဦးလေ နှစ်များရှည်ကြာ ဖြစ်တည်ခဲ့တဲ့
သံယောဇဥ် ကြိုးတွေကို မဖြတ်ချင်ဘူးကွဲ့
အခုဆို မေကြီးလည်း မရှိတော့တာမို့
တော်ပါသေးရဲ့ ''''ဦးဦးနဲ့ ညညတို့ဟာ ဆွေမျိုးလည်းမဟုတ်
သွေးလည်း မနီး ၊ ခင်မင်တဲ့ မိတ်ဆွေတွေ
သာသာပဲလေ ဘာလို့လဲ ညညဟာ ငယ်နေသေးလို့လားဟင် ရပါတယ် ညည စာကြိုးစား
မှာပါ''''ဒီမယ်ညည ဦး ပွင့်ပွင့်လင်းလင်း
ဒဲ့ပြောရရင် ဦးဟာ သိက္ခာကို တန်ဖိုးထားတယ်၊ ညညဟာ ငယ်သူ ဦးဟာ အရွယ်တစ်ခု
မှာ ရှိနေတဲ့သူ၊ ပြီးတော့ အစ်ကိုအရင်းလို
ဖြစ်နေတဲ့ ညညအဖေကိုရော ဦး ဘယ်လိုလုပ်
မျက်နှာပြောင် တိုက်နိုင်မှာလဲ''''ဘာပဲဖြစ်ဖြစ် ညည ဦးဦးကို
တစ်နေ့ သိမ်းပိုက်မယ်''''ဦးပြန်မယ် အစက အစ်ကိုခေါ်တာနဲ့
လာခဲ့မိတာ အခု ပြန်တော့မယ်''''ဦးဦး တကယ်ပဲ ဝေးလံခေါင်သီတဲ့
နေရာဆီ ပြောင်းသွားမှာလားဟင်''''အေး''
''ဦးဦး''
ဆိုင်ကယ်ကို မောင်းထွက်သွားလေသူ။
ရက်စက်လိုက်တာ ဦးဦးရယ်.....
ညညတို့ ကံမကုန်ရင် ပြန်ဆုံမှာပါနော်...။...
p2 ♥အပိုင်း ၂အတိတ်ကာလ။
''ဟေ့ကောင်လေး တစ်ယောက်တည်းလား''
''တင်မောင် ဟေ့ကောင် လာလာ
ကလေးကို သွားစပြန်ပြီ''''အဖေကလည်း ဒီကလေး နေ့တိုင်း
ဒီခြံပေါက်မှာ ငူငူလေး ထိုင်နေတာ''''အေး အဲ့တာတော့ ဟုတ်တယ်
ဒါ မကြီးမြိုင်တို့ ဆီးသီးခြံ ငှားကိုင်တဲ့
မိသားစုပဲ ဖြစ်မယ်
ဗျို့ ဒီက တဲရှင်တို့''''ရှင် ဟော ရွာထဲက ထင်တယ်
ဘာလို့ပါလဲရှင်''''ဟိုလေ အစ်မတို့ ကလေးက
ငြိမ်ကုပ်နေတာ၊ သူ့ခမျာ ပျင်းလည်း
ပျင်းနေတယ် ထင်ပါရဲ့ ကျုပ်တို့
ရွာထဲ ခေါ်သွားမယ်လေ ပြီးရင်
ပြန်လာပို့မှာပါ''
ESTÁS LEYENDO
Normal Fiction သီးသန့်
Historia Cortaအစအဆုံး Normalအချစ်ဇာတ်လမ်း သီးသန့်တွေ စုစည်းတင်သွားပေးပါမည်။ #ဦးငယ်