😘 ဦး နှလုံးသားရဲ့ အရှင်သခင်မလေး/စဆုံး

366 3 0
                                    

ဦး နှလုံးသားရဲ့
အရှင်သခင်မလေး

အပိုင်း ၁

    ''ဟုတ်ပါ့မလား အမေရယ်''

''ဘာမဟုတ်ရမှာလဲ''

''အမေပြောတဲ့ အမေ့ချွေးမလောင်းက
လှလိုက်တာမှ တစ်ဘက်ကမ်းလွန်
နေရောလေ''

''အမလေးဟဲ့ မကြိုက်လည်းမယူနဲ့
အလည်လာတယ် ပြောထားတာ''

''ဟာ မလုပ်ပါနဲ့ သား ချေးမများတော့ဘူး''

     အမေ့ သူငယ်ချင်းဆိုသူထံ လမ်းကြုံခိုက်
လာသည်ဆိုရသော်လည်း လူကြီးချင်းပြေ
ဖို့ လာခြင်းသာ။ အမေနှင့်ကိုယ့်ကို ကြိုဆို
ကြသည်။ ထုံးစံအတိုင်း စကားလက်ဆုံကြ
ကောင်းမှ မင်းသမီးကပေါ်လာလေသည်။

'' လှလိုက်တာ နန်းမူပိုရေ''

''နာမည်က နန်းမူပိုတဲ့လား အမေ''

''ဟော် ပြောထားတာကို မင်းမှ
နားမတင်တာ ဘာလုပ်နေတာလဲ''

''ဗျာ ဘာတုန်းအမေရ''

''ဟဲ့ ဇာတ်ကားထဲကလို စကားပြောလေ
လွတ်လွတ်လ​ပ်လပ်''

''အာ ဟုတ်ပြီ''

   နန်းမူပိုက အကင်းပါးသည်။ လစ်ခနဲ
အရှေ့က သွားသည်။ အနောက်ကလိုက်
ခဲ့ချိန် စိုက်သီးနှံတွေကြောင့် ရင်ခုန်မိ
တာကိုတောင် မေ့မိမလိုလို။

''ဒါက ဘာသီးလဲဗျ
အော် ဂေါ်ရခါးသီးပင်ပါ့လား
ထူးဆန်းတာပဲ အခုမှမြင်ဖူးတယ်''

   ကိုယ်ပြောကိုယ်ဖြေမိ​​တော့ အလှလေးက
ယဲ့ယဲ့လေးပြုံးသည်။

''နန်းမူပိူမှာ ကောင်လေးရှိလားဟင်''

''ဟင့်အင်းမရှိပါဘူး ရှိရင်
ရှင်နဲ့အခုလို စကားဘယ်လိုလုပ်
ပြောမလဲ''

''အာ ဟုတ်''

  ရာသီဥတုက ကိုယ့်ဘက်ကပါသည်။
လက်ကို သွားကိုင်လိုက်သည်။

''ကျုပ်ကို လက်ထက်ပါ
ကျုပ်အခုလို လက်ကိုင်တာကို
​ဗွေမယူပါနဲ့ အမှန်အကန် ရင်ခုန်
သွားမိလို့ပါ''

'' ကို့ လက်တွေက ချွေးတွေနဲ့''

''စိတ်လှုပ်ရှားနေလို့ပါ
ကျုပ်ကို ပြန်ချစ်ပါ
ဘုရင်မတစ်ပါးလို ခစားပါ့မယ်''

Normal Fiction သီးသန့်Nơi câu chuyện tồn tại. Hãy khám phá bây giờ