ငယ်သွေးလေးရဲ့ဦးဦး💐စဆုံး

938 8 0
                                    

ငယ်သွေးလေးရဲ့ ဦးဦး
(or) ပြုံး၍ ငိုသော နှလုံးသား

  ဦးတစ်ခေတ်ဆန်း+ငယ်သွေး
=:=:=:=:=:=:=:=:=:=:=:=:=:=:=

အခန်း ၁

  "မယူဘူးဗျာ မယူနိုင်ဘူး"

"သားခေတ် မင်း ဘာပြောတယ်
မင်းဒယ်ဒီ ကြားရင် မာမီတော့
ခေါင်းပူတော့မယ်"

   "ပူပူဗျာ မာမီကို သား ပြောထားတာပဲဟာ"

"ဟဲ့ ပုပ်ကလေးက ခွေးလေ မင်းနှယ်ကွယ်
တော်ရုံတန်ရုံ တွယ်တာပါ့လား နှစ် ၂၀ တောင်
ပြည့်တော့မှာကို အစွဲကိုကြီးလွန်းတယ်
သေရင် ပြိတ္တာဖြစ်မယ်နော် သားခေတ်"

"မာမီလို့"

"ဖယ်ပါ ပွတ်သီးပွတ်သပ်
ဒီတစ်ခါတော့ အမေလည်း မငြင်းချင်တော့ဘူး
မင်းဒယ်ဒီက ကလေးရူးနော် မြေးချီချင်နေပြီ"

"မာမီရာ သားရုပ်ကိုလည်း ကြည့်ပါဦး
အိုစာလွန်းလှပြီ မာမီရ နော် နော်"

"ဟေ့ကောင် …… "

"ခင်ဗျာ"

"မင်း လာခဲ့"

  မိခင်ဖြစ်သူနှင့် ဧည့်ခန်းမှာ နားပူနားဆာ
လုပ်နေမိသော တစ်ခေတ်ဆန်းဆိုသော
လူပျိုကြီး လန့်ပျာ၍ ထလာရလာသည်။
ဖခင်ခေါ်သော စာကြည့်ခန်းဆီသို့။

  "ထိုင်"

"ဟုတ် ဒယ်ဒီ"

"မင်း ဘယ်နိုင်ငံကို လည်အုံးမှာလဲ"
"လည်ချင်တာ ရှိတော့ ရှိသေးတယ်
ဒယ်ဒီရ ဒါပေမဲ့"

"ဘာမှ ဒါပေ မမဲ့တော့နဲ့ မင်းအသက်
ငယ်တော့တာ မဟုတ်ဘူး၊ ငါတို့မှာလည်း
မင်းတစ်ယောက်ထဲကိုပဲ အဖက်တင်တာ
ဘယ့်နှယ့်ကွာ မိန်းမမယူချင်လို့ ကမ္ဘာပတ်
နေရတယ်လို့"

"ဒယ်ဒီကလည်း"

"မင်းက ဘာမဟုတ်တာနဲ့ပတ်သတ်ပြီး
အတွေးလွန်နေတာ ရူးနေတာ လွန်ခဲ့တဲ့
ဆယ်နှစ်ကျော်က ဖြစ်ရပ်က အထင်ကရ
တစိမ့်စိမ့်တွေးမိရအောင်လည်း တိရစ္ဆာန်
နဲ့ လူသား ချစ်ခြင်းလေကွာ"

"ပုပ်ကလေး ပြန်လာမှာပါ ဒယ်ဒီ
သား စောင့်အုံးမယ်"

"အောဟော ဟိုက ခွေးဘဝကနေ
လူ့ဘဝပြန်ဝင်စားမယ်လို့ မင်းကို
ဘယ်သူပြောလဲ ၊ လူပြန်ဖြစ်ပါပြီတဲ့
မိန်းကလေးဖြစ်မှာတဲ့လား ကောင်လေး
ဖြစ်နေရင်ကော မင်း ယူမှာလား"

Normal Fiction သီးသန့်Où les histoires vivent. Découvrez maintenant