မုန်းရက်ပါ့မလား ဦးရယ်
[အခန်း ၁]
"မုံလေးရေ"
"ရှင် ကြီးမေ ဘာခိုင်းမလို့လဲ"
"အို မဟုတ်ပါဘူး မုံလေးရယ်"
"ကြီးမေ ညောင်းလို့လား မုံ နှိပ်ပေးမယ်လေ"
"မဟုတ်ပါဘူး မုံလေးရယ် မုံလေး
ဘာစားပြီးပြီလား မေးမလို့ ကြီးမေလည်း
ဒီနေ့ရောင်းမကောင်းတာနဲ့""ဟီဟိ မုံ ရေသောက်ထားတယ် ကြီးမေ
ဆာတော့ အဆာသား"ဒေါ်တင်မေ စကားပင်မဆုံးလိုက်။ သွက်လက်
ချက်ချာစွာ သမီးကလေးလို ချစ်ရသည့် တူမ
ဖြစ်သူ မုံလေးစကားကြောင့် အမောပင်ဆို့သွားမတက်ပင် ဖြစ်သွားရလေသည်။" ဆာနေတာလား မုံလေးရယ် ဒါများ
ကြီးမေ ပြန်လာတာကို စောင့်နေရသေး
မုန့်ဆိုင်မှာ မုန့်ကလေးဘာလေး
သွားယူစားနှင့်ပေါ့ မုံလေးရဲ့"ဈေးဗန်းလေးကို ဘေးချကာ မုံလေးကို
ဒေါ်တင်မေ ပေါင်ပေါ်တင် ပွေ့ချီထားလိုက်
လေသည်။"ဟင့် စားချင်ပါဘူး ကြီးမေကလည်း
မုံက အခုဆို အလယ်တန်းတောင်
ရောက်တော့မယ် အကြွေးကြီးဝယ်စား
ချင်ပါဘူး ရှက်စရာကြီး ပြီးတော့ အပိုငွေ
လည်း ကုန်တယ်မလား ကြီးမေရဲ့""အမလေးတော် မတတ်ပလေး ဟုတ်ပ ဟုတ်ပ
ကဲ ရော့ အစ်မတော်လေး ရှက်စရာမလိုအောင်
ကြီးမေပိုက်ဆံပေးလိုက်မယ် ဆန်တစ်ဗူးနဲ့ ရှူးရှဲ
နှစ်ထုပ်ဝယ်ခဲ့နော် ""ဟုတ်ကဲ့ကြီးမေ"
မုံလေး လက်ကလေးနှစ်ဖက်ဖြင့် ပိုက်ဆံကို
ယူကာ ခုန်ကာပေါက်ကာ ထွက်သွားလေသည်။ဒေါ်တင်မေလည်း နဖူးက ချွေးစက်တစ်ချို့ကို လက်ခေါက်ဖြင့်သုတ်လိုက်ရင်း သက်ပြင်းကလေးချလိုက်လေသည်။အတိတ်ဆိုးတစ်ခုသာ ဝင်မလာခဲ့လျှင်
ချစ်စရာကောင်းပြီး အလွန်လှပသော မုံလေးဘဝလှပခဲ့ပေလိမ့်မည်။အခုတော့ အမိပစ်အဖပစ်ဘဝလေးနှင့် သူစိမ်းတစ်ရံရင်ခွင်ဝယ် ပျော်အောင်နေရရှာသူ။" အို ဘုရား ဘုရား မူးလိုက်တာနော်"
အတွေးအချို့ကိုခေါက်သိမ်းကာ အိမ်ရှေ့
လှေကားခြေရင်းမှ အိမ်ပေါ်သို့ အတက်
မိုက်ခနဲ မူးဝေသွားသောကြောင့် ဒေါ်တင်မေ ဘုရား တ လိုက်ရလေသည်။အခုတလော
ကိုယ့်မှာလည်း ကျန်းမာရေးက အရင်လို
မဟုတ်တော့။
أنت تقرأ
Normal Fiction သီးသန့်
القصة القصيرةအစအဆုံး Normalအချစ်ဇာတ်လမ်း သီးသန့်တွေ စုစည်းတင်သွားပေးပါမည်။ #ဦးငယ်